ကမ္ဘာ့ဘဏ်က သီရိလင်္ကာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ချေးသွားမည်

ကိုလံဘို  စက်တင်ဘာ  ၂၃


သီရိလင်္ကာနိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အားဖြည့်ကူညီရန်အတွက်   ကမ္ဘာ့ဘဏ်က  ချေးငွေ  အမေရိကန် ဒေါ်လာသန်း  ၁၀၀  ပေးအပ်သွားရန်သဘောတူခဲ့ကြောင်း   ယနေ့သိရ   သည်။ 
အဆိုပါချေးငွေများကို  Pfizer  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ၁၄ သန်းဝယ်ယူရန်နှင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ၌  သုံးစွဲသွားမည်ဖြစ်ကြောင်း  သီရိလင်္ကာအစိုးရက ပြောကြားသည်။  

 နိုင်ငံအတွင်း၌ လက်ရှိအချိန်တွင် လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို   ဆောင်ရွက်လျက်ရှိပြီး လူဦးရေ၏ ၅၁ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား   အသုံးပြုပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ ၁၁၁၈၂၃၆၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှု ခံယူပြီးစီးခဲ့ပြီး ၉၁၀၂၂၇၁ ဦးမှာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး         နှစ်ကြိမ်စလုံး   ထိုးနှံပြီးဖြစ်သည်။  နိုင်ငံအတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ ၅၀၈၆၇၂ ဦးရှိပြီး အဆိုပါရောဂါကြောင့်သေဆုံးသူ ၁၂၃၇၆ ဦးရှိသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ