ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ၁၁၂ နှစ်တွင် ကွယ်လွန်

မက်ဒရစ်   ဇန်နဝါရီ   ၁၉


ဂရင်းနစ်မှတ်တမ်း၌ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ်အသိအမှတ်ပြုခြင်းခံရသော အသက် ၁၁၂ နှစ်အရွယ်ရှိ စပိန်နိုင်ငံသား ဆန်ဒီယေဂိုဒီလာဖန်တီသည်    နိုင်ငံအနောက် မြောက်ပိုင်း လီယွန်မြို့၌  ဇန်နဝါရီ ၁၈ ရက်က ကွယ်လွန်သွားခဲ့ ကြောင်း ၎င်း၏မိသားစုက ပြောကြားသည်။ 


ဆန်ဒီယေဂိုဒီလာဖန်တီအား ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မွေးဖွားခဲ့ပြီး   ၎င်းသည် ၁၉၁၈ ခုနှစ်တွင် စပိန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော  တုပ်ကွေးကပ်ရောဂါမှ   အသက်ရှင်လွတ်မြောက်ခဲ့   သည်။ 


၎င်းသည် အသက် ၁၃ နှစ်အရွယ်တွင် ဖိနပ်စက်ရုံလုပ်သား အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ်တွင် တာနာကာအမည်ရှိ ဆန်ဆိုင်ပိုင်ရှင်  အမျိုးသမီးနှင့်  လက်ထပ်ခဲ့ သည်။ ၎င်း၏ ဇနီးတာနာကာသည် အသက်   ၁၀၃  နှစ်အရွယ် တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ 


 ၎င်း၌ သားသမီး ရှစ်ဦး၊ မြေး ၁၄ ဦးနှင့် မြစ် ၂၂ ဦး ရှိကြောင်း သိရသည်။ ဆန်ဒီယေဂိုဒီလာဖန်တီသည် လီယွန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမဆုံးထိုးနှံမှုခံယူခဲ့သူဖြစ်ပြီး   CD Puente Castro ဟု   အမည်ရသော   ဘောလုံးအသင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။


 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ