ကမာဝက်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၁၃ လုံးဆုံးရှုံး

 

မုဒုံ  ဒီဇင်ဘာ   ၂၀


မွန်ပြည်နယ်         မုဒုံမြို့နယ် ကမာဝက်မြို့ (၁၁)ရပ်ကွက် ရှမ်းစု ရပ်၌ ဒီဇင်ဘာ ၂၀ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 


မီးလောင်မှု   ဖြစ်ပွားရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ        ဦးဖုန်းမြင့်အေး ဦးဆောင်သော  မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်   ရပ်ကွက်နေပြည်သူများ ပူးပေါင်း ၍    မီးငြှိမ်းသတ်ယာဉ်  သုံးစီး၊ ရေသယ်ယာဉ် ငါးစီး  စုစုပေါင်း ရှစ်စီးဖြင့်  ဝိုင်းဝန်းမီးငြှိမ်းသတ် ခဲ့ရာ နံနက် ၂ နာရီ ၉ မိနစ်ခန့်တွင် မီးငြိမ်းသွားသည်။

 


ဖြစ်စဉ်မှာ    ကမာဝက်မြို့  ရှမ်းစုရပ်နေ  အိမ်ရှင်ဒေါ်လှသိန်း၏  နေအိမ်၌ ဖယောင်းတိုင်မီးထွန်း ရာမှတစ်ဆင့်      ခြင်ထောင်သို့ မီးကူးစက်သဖြင့် ရေဖြင့်ငြှိမ်းသတ် ခဲ့ပြီး ပြန်လည်အိပ်ရာမှ စွဲနေသော မီးကြွင်း  မီးကျန်မှ  မီးကူးစက် လောင်ကျွမ်းခဲ့သည်။ မီးလောင်မှု ကြောင့် နေအိမ် ၁၃  လုံး  ဆုံးရှုံး ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက် သေဆုံးမှု        မရှိကြောင်း     သိရ သည်။
             

သားငယ်(ပြန်/ဆက်)