ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၀


ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ဥပဒေကိုပြင်ဆင်သည့်  ဥပဒေ(မူကြမ်း)နှင့်  စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို   ယနေ့ နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ  ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့     ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်          ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန  ဒုတိယ ဝန်ကြီးနှင့်        ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သီတာစန်း နှင့်    တာဝန်ရှိသူများ၊    လူမှု ဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ   တာဝန်ရှိသူများ  တက် ရောက်ကြသည်။  


အပြီးသတ်ညှိနှိုင်းဆွေးနွေး


အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် ချက်နှင့်အညီ      ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ  ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)  ကို အပြီးသတ် စိစစ်လေ့လာဆွေးနွေး ကြပြီး ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ    ဥပဒေတွင်  လက်ရှိ အခြေအနေများနှင့် လိုက်လျော ညီထွေမှုရှိစေရေးအတွက် ဖြည့်စွက် ရန်         လိုအပ်သည့်အချက်များ တွေ့ရသဖြင့် ပြင်ဆင်သည့် ဥပဒေ ကို  ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပြင်ဆင် လိုသည့်   ပုဒ်မများကို  အပြီးသတ် ညှိနှိုင်းဆွေးနွေးကြသည်။


အဆိုပါ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ်      ဇူလိုင်   ၂၃  ရက်တွင် ပြည်ထောင်စုလွှတ်တော်  ဥပဒေ အမှတ် ၂၂  ဖြင့်  ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။               


သတင်းစဉ်