
နေပြည်တော် မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေး နည်းပညာတက္ကသိုလ် အနီးရှိ ထိုမာကျေးရွာနှင့် ဇင်းကလင်း ကျေးရွာကြားရှိ နေအိမ်အချို့ကို မတ် ၁၇ ရက်က လုံခြုံရေး တပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများ က ပြည်သူများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိ ရသည်။
အကြမ်းဖက် သောင်းကျန်းသူ များနှင့် PDF အမည်ခံအကြမ်း ဖက်သမားများသည် မြို့၊ ရွာများ တည်ငြိမ် အေးချမ်းလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနေသည်ကို မနာလို မရှု ဆိတ်ဖြစ်ကာ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အများပြည်သူ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် စာသင်ကျောင်းများ၊ တက္ကသိုလ် များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်များ၊ ပညာရေး အဆောက်အဦများ မီးလောင်ပျက်စီးခဲ့ခြင်း၊ အပြစ်မဲ့ ပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးခဲ့ရသည်။ ထို့အပြင် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသား တံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် ခြင်းများ လုပ်ဆောင်လျက်ရှိသည် ကို မိဘပြည်သူများအနေနှင့် လည်း သိရှိပြီးဖြစ်သည်။
ယခု ဖြစ်စဉ်သည်လည်း အကြမ်းဖက် သောင်းကျန်းသူများ နှင့် PDF အမည်ခံအကြမ်းဖက် သမားများက မတ် ၁၇ ရက်တွင် ကလေး နည်းပညာတက္ကသိုလ် အား လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် လာရောက်တိုက် ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ကလေး နည်းပညာတက္ကသိုလ် အနီးရှိ နေအိမ်များကို မီးရှို့ထွက်ပြေး သွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူ များအနေဖြင့် ဒေသခံပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ များကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာ များအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အပြစ်ပုံချကာ ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်