နေပြည်တော် ဩဂုတ် ၂၇
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ သတ္တမ အကြိမ် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီ ထပ်အစည်းအဝေးခန်းမ၌ Hybrid Format ဖြင့် ကျင်းပရာ မြန်မာနို င်ငံ ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူကိုယ်တိုင် တက်ရောက်၍ တိုင်းဒေသကြီး / ပြည်နယ်ဥပဒေ ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ် များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီး စည်ပင်သာယာရေးကော်မတီတို့မှ ကိုယ်စား လှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ သင်းချုပ်မှကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌက ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံ အတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပြီး ရေရှည်ဆောင် ရွက်သွားရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ ရေးရာလုပ်ငန်းကော်မတီ၏ ဒုတိယငါးနှစ် လုပ်ငန်း စီမံချက် (၂၀၂၄-၂၀၂၈) ကို အတည်ပြုခဲ့ပြီးဖြစ်ပါ ကြောင်း၊ အဆိုပါ ဒုတိယငါးနှစ်လုပ်ငန်း စီမံချက်အရ ကလေးအလုပ်သမားပပျောက်ရေးနှင့် စပ်လျဉ်း၍ ဥပဒေရေးရာလုပ်ငန်းကော်မတီဝင်များက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီး ကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန်ရှိသည့်ကိစ္စ များကို ယနေ့အစည်းအဝေးတွင် တင်ပြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေ အကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က ဥပဒေရေးရာလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးမှတ်တမ်းကို အတည်ပြု ခြင်း၊ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှုများနှင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဥပဒေရေးရာလုပ်ငန်း ကော်မတီဝင်များက ဆောင်ရွက်ရမည့်ကိစ္စများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် အရ ကလေးအလုပ်သမားပပျောက်ရေးနှင့် စပ်လျဉ်း ၍ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီး ကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန် ရှိသည့်ကိစ္စများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးက သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၄) ချက်ကို ရှင်းလင်းတင်ပြကာ အတည်ပြုချက်ရယူသည်။
ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်