
နေပြည်တော် ဇန်နဝါရီ ၁၁
NUG ၊ CRPH အဖွဲ့၏ လက်ဝေခံ ဖြစ်သော PDF အမည်ခံ အကြမ်း ဖက်သမားများအနေဖြင့် အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်ရန် နှင့် ကိုယ်ကျိုးစီးပွားတွင် အသုံးပြု ရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ ခရီးသွားမော်တော် ယာဉ်များအား လက်နက်ကိုင် ဆောင်၍ ဓားပြတိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်လျက်ရှိရာ ကရင် ပြည်နယ် ကော့ကရိတ်မြို့ဘက်မှ မြဝတီမြို့ဘက်သို့ ယာဉ်မောင်း ဦးသန့်ဇင်(ဘ)ဦးမြင့်စိန် မောင်း နှင်ပြီး ယာဉ်နောက်လိုက် ဦးသန့် ဇင်ဖြိုးနှင့်အတူ ခရီးသည် အမျိုး သား ၁၀ ဦး၊ အမျိုးသမီး ငါးဦးတို့ လိုက်ပါလာသည့် ရွှေလရောင် မှန်လုံယာဉ်အမှတ် MDY 3I/------- (အပြာရောင်)သည် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့် တွင် ကော့ကရိတ် - မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ တံတန်ကူး ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၅၅၀၀ ခန့် အကွာနေရာသို့ ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက ကားလမ်းမ၏ အရှေ့တောင်ဘက်မှ ရောက်ရှိလာ ကာ မော်တော်ယာဉ်အား ရပ်တန့် စေပြီး ခရီးသည်များထံမှ ဖုန်း ၁၈ လုံးနှင့် ငွေကျပ်သိန်း ၅၀ ခန့်တို့ အား လုယက်ယူဆောင်သွားကာ ယာဉ်များသွားလာမှု ရပ်တန့်စေ ရန် မော်တော်ယာဉ်၏ အရှေ့ဘက် မီတာ ၃၀ ခန့်အကွာ အာရှလမ်းမ ကြီးပေါ်၌ ဒေသန္တရလက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကားလမ်း၏ အရှေ့တောင်ဘက် သို့ ပြန်လည်ထွက်ခွာသွားခဲ့ ကြောင်း သိရသည်။
အဆိုပါ မိုင်းဖောက်ခွဲခဲ့မှု ကြောင့် ခရီးသည်များနှင့် ယာဉ် မောင်း၊ ယာဉ်နောက်လိုက်တို့ တွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မော်တော်ယာဉ်၏ ဘယ်ဘက် လေကာ မှန်တံခါး တစ်ချက် မိုင်းစ ထိမှန်ပျက်စီးခဲ့ပြီး မိုင်းပေါက်ကွဲမှု ကြောင့် ကားလမ်းမပေါ်တွင် အကျယ် လေးပေ၊ အနက် တစ်ပေ ခန့် ချိုင့်ဝင်ပျက်စီးခဲ့ကြောင်း သိရှိ ရပြီး ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်