ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ၁၀ ဖွဲ့ထံ တိုင်းရင်းသားပုံပြပုံပြင် စာအုပ် ၂၀၀၀၀ ကျော် ဖြန့်ဝေပေးအပ်

 

မြစ်ကြီးနား ဇူလိုင်  ၁


တိုင်းရင်းသားလူမျိုးများ               ရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်          ယဉ်ကျေးမှုဦးစီးဌာန ကချင်ပြည်နယ်ရုံးမှ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်            ယဉ်ကျေးမှုကော်မတီအဖွဲ့များထံ  တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲ ကို  ဇွန် ၃၀ ရက် အဆိုပါ  ဦးစီးဌာနရုံးရှိ   အစည်း အဝေးခန်းမ၌   ကျင်းပရာ      ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားသည်။

 


ပြည်နယ်ဝန်ကြီးချုပ်             ဦးခက်ထိန်နန်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အနေဖြင့် ယနေ့ပေးအပ်မည့် ပုံပြပုံပြင်စာအုပ်များကို ကလေးများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊  သို့မှသာ  တိုင်းရင်းသားကလေးများ အနေဖြင့် မိမိဘာသာစာပေကို သင်ကြားခွင့်ရရှိသည့် အပြင် အခြားဘာသာစာပေများကို သင်ယူလေ့လာ ရာတွင်လည်း   နားလည်မှုစွမ်းရည် ပိုမိုဖွံဖြိုးတိုးတက် စေမည်ဖြစ်ပါကြောင်း၊    ထိုအပြင်      တိုင်းရင်းသား ဘာသာ  စာပေသင်ကြားရေးနှင့်ပတ်သက်၍ ယခင် ကထက်   ကျယ်ကျယ်ပြန့်ပြန့်   ဆောင်ရွက်လာပြီ ဖြစ်သည့်အတွက် တိုင်းရင်းသားများအနေဖြင့် မိမိတို့ စာပေဖွံ့ဖြိုးတိုးတက်ရေးရရှိလာသည့်  အခွင့်အရေး များကို     လက်လွတ်မခံဘဲ     အတူတကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း     တိုက်တွန်း မှာကြားသည်။

 


ဆက်လက်၍     ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးကျော်မင်းခိုင်က တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်     ပုံနှိပ်ထုတ်ဝေထားသည့် ပုံပြပုံပြင်စာအုပ်ပေါင်း ၂၃၇၄၆  အုပ်ကို တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်း/ အဖွဲ့များထံ ပေးအပ် သွားမည့်      အစီအစဉ်များကို   ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊    ပြည်နယ်ဥပဒေချုပ်၊   ပြည်နယ် ဝန်ကြီးများနှင့်  တာဝန်ရှိသူများက  တိုင်းရင်းသား ဘာသာ/ မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် ပုံပြစာအုပ်   စုစုပေါင်း   ၂၃၇၄၆  အုပ်ကို စာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ဆယ်ဖွဲ့တို့မှ   တာဝန်ရှိသူ များ ထောက်ပံ့ပေးအပ်ကာ   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များကိုယ်စား တိုင်းလိုင်စာပေ နှင့်   ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ    ဒေါ်ခင်ပြုံးရည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


ထောက်ပံ့ပေးသော တိုင်းရင်းသားဘာသာများ ဖြင့်     ပုံပြစာအုပ်များမှာ     ဂျိန်းဖော့ဘာသာဖြင့်      အုပ်  ၄၈၀၀၊  လော်ဝေါ်ဘာသာဖြင့်  အုပ်  ၃၁၂၀၊ လာချိဒ်ဘာသာဖြင့် အုပ် ၁၄၇၀၊    ဇိုင်ဝါးဘာသာဖြင့် အုပ် ၄၈၀၊ လီဆူဘာသာဖြင့် အုပ် ၂၁၀၀၊ ရဝမ်ဘာသာ ဖြင့် အုပ် ၃၆၀၀၊ တိုင်းလိုင်ဘာသာဖြင့် အုပ် ၃၈၄၀၊ တိုင်းလေဘာသာဖြင့်   ၂၈၀၈   အုပ်၊   တိုင်းခမ်းတီ ဘာသာဖြင့်  အုပ်  ၁၀၈၀ နှင့်  ဗမာဘာသာဖြင့် ၄၄၈ အုပ်ဖြစ်သည်။  

 


ကချင်ပြည်နယ်          တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနမှ ပုံနှိပ် ဖြန့်ဝေထားသည့် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ကို  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က တစ်ကြိမ်၊ ၂၀၂၀-  ၂၀၂၁ ပညာသင်နှစ်တွင် တစ်ကြိမ်နှင့် ယခုနှစ်အတွက် တစ်ကြိမ်ဖြန့်ဝေပေးရာ           စုစုပေါင်းသုံးကြိမ်တွင် စာအုပ်ပေါင်း   ၇၁၂၃၈   အုပ်ကို    ပေးအပ်နိုင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့်  ပူးပေါင်း၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက်    ပြည်နယ်အတွင်း  အခြေခံ ပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ  ၇၄ ဦးကိုလည်း ခန့်အပ်ထားပေးပြီး ဖြစ်ကြောင်း သိရသည်။      

ပြည်နယ် (ပြန်/ဆက်)