
မြစ်ကြီးနား ဧပြီ ၂၆
ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေ ဖြင့် ပြည်နယ်အတွင်း နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီက ငွေပျော်စံပြကျေးရွာနှင့် မူလ နေရပ်များသို့ ပြန်လည်ထွက်ခွာ ကြမည့် ယာယီခိုလှုံရာစခန်းများမှ အိမ်ထောင်စုများအား မြစ်ကြီးနား မြို့ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ဂျာမိုင်ကောင်း RC စခန်း၌ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ပစ္စည်းများကို သွား ရောက် ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က ယခုလို မူလနေရပ်များ နှင့် ငွေပျော်စံပြကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်ကြမည့်သူများ အား ရွှေ့ပြောင်းနေထိုင်ရာတွင် လည်းကောင်း၊ ရွှေ့ပြောင်းချိန် တွင် နေထိုင်စားသောက်မှု အခက် အခဲ မဖြစ်ပေါ်စေရေး အတတ်နိုင် ဆုံး ထောက်ပံ့ပေးသွားမည့် အပြင် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လာရောက်အားပေးလိုခြင်း ဖြစ် ကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက်၊ အခက်အခဲများတွေ့ကြုံလာပါက မိမိတို့ အားလုံးက ဝိုင်းဝန်း ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အားပေး ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂျာမိုင်ကောင်း RC စခန်းနှင့် နန်းကွေ့စိန်ယောဟန်စခန်းတို့မှ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် ပလနကျေးရွာအုပ်စု ငွေပျော် စံပြကျေးရွာသို့ ရွှေ့ပြောင်းနေ ထိုင်ကြမည့် အိမ်ထောင်စု ၃၀ ၊ လူဦးရေ ၁၄၈ ဦး၊ ၎င်းတို့အစီအစဉ် ဖြင့် ဝယ်ယူထားသည့် မြို့ပေါ် ရပ်ကွက်/ ကျေးရွာများနှင့် မူလ နေရပ်များသို့ ပြန်လည်ရွှေ့ပြောင်း နေမည့် အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၈၇ ဦး စုစုပေါင်း အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၃၃၀ တို့အတွက် ပြည်နယ်အစိုးရ အဖွဲ့က ငွေကျပ် ၈၁၈၄၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၆၆ အိတ်၊ ဆီ ၆၆ ဘူး၊ ကြက်ဥ အလုံး ၃၀ ပါ ၆၆ ကတ်နှင့် ခေါက်ဆွဲခြောက်ဖာ ၆၆ ဖာတို့အားလည်းကောင်း၊ ကချင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငွေကျပ် ၁၃၂၀၃၈၁၆ တန်ဖိုးရှိ ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းစီ၊ ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးပါ ၆၆ ပုံးတို့အား လည်းကောင်း ပစ္စည်းနှင့်ငွေသား တန်ဖိုး စုစုပေါင်း ငွေကျပ် ၂၁၃၈၇၈၁၆ ကို အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။
ယင်းနောက် စခန်းတာဝန်ခံ များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြန်လည် ရွှေ့ပြောင်းနေထိုင်မည့် နေရာ ဒေသများတွင် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်ချက်များအား အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ အိမ်ထောင်စုများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားလေဆိပ်၌ ပူတာအို ခရိုင်အတွင်း နိုင်ငံ့ဝန်ထမ်းများ နေထိုင်စားသောက်မှု အခက် အခဲ မဖြစ်ပေါ်စေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပထမအကြိမ်အဖြစ် အခြေခံ စားသောက်ကုန်များအား လေကြောင်းခရီးစဉ်ဖြင့် တင်ပို့နိုင် ရေး ပြည်နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းဝန်ထမ်းများက ကုလားပဲ ပိဿာ ၂၀၀၀၊ ငါးခြောက် ၆၆၇ ပိဿာနှင့် စားသုံးဆီ ၁၀၀၂ ပိဿာတို့အား သယ်ယူတင်ပို့နေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)