
ပူတာအို နိုဝင်ဘာ ၁၆
ကချင်ပြည်နယ် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစွာဆောင်ရွက်နိုင် ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် နိုဝင်ဘာ ၁၃ ရက်က မချမ်းဘောမြို့နယ်နှင့် ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဈေးဖွင့်လှစ်ရောင်းချနေမှုကြည့်ရှု
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏အစီ အမံဖြင့် ဒေသပြည်သူများအား ပြင်ပပေါက်ဈေးထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးသော သက်သာဈေးဖွင့်လှစ်ရောင်းချနေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်း/ ဈေးဝယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မချမ်းဘောမြို့နယ် ထဝါဒမ်းကျေးရွာရှိ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၆၀ ဖြင့် တောင်သူ ဦးဆလွတ်ထဒီးတန်၏ နေအိမ်ဝင်းအတွင်း ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ယော့ရကန်သမဝါယမအသင်းစုပိုင် ဒေသဝက်နှင့် အသားတိုးဝက်ကောင်ရေ ၄၀ ခန့်မွေးမြူထားရှိမှု တို့ကိုကြည့်ရှုစစ်ဆေးကာ ဈေးကွက်ရရှိမှုအခြေအနေ များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ယင်းနောက် မချမ်းဘောမြို့နယ်အတွင်း ကောင်းမှုလုံ-မန်နို-ပန်ဆပ်-ထုံဒမ်း-ဆထားလမ် အတိုင်း နမ်ဘူယန်ကျေးရွာနှင့် ဇော်ကန်ကျေးရွာ ကြားရှိ နမ်ကတောက်ချောင်းကူးတံတား တည်ဆောက် ရေးစီမံကိန်းသို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၅၂၇ ဒသမ ၀၁၆ သန်းဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် နမ်ကတောက်ချောင်းကူး တံတားစီမံကိန်းနှင့် အဆိုပါလမ်းပိုင်း ၂၁ မိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့်လမ်း လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ ၏ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တံတားကမ်းကပ်ခုံတည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
စိုက်ပျိုးရေ ပြည့်မီစွာရရှိရေး
ယင်းနောက် အင်ဘူးဘော့ကျေးရွာသို့ သွားရောက် ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၁၅ သိန်း ဖြင့် တောင်သူ ဦးဒီးယိုဆဲ၏ နှစ်ရှည်သီးနှံ ဂရိတ်ဖရု သီးခြံ ၃ ဒသမ ၅၀ ဧကသို့ သွားရောက်ပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးရွာ အတွင်း စိုက်ပျိုးမြေဧက ၇၂ ဧက၊ အိမ်ခြေ ၆၅ အိမ် အား အကျိုးဖြစ်ထွန်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည့် ကုန်ထုတ်လမ်းအရှည်ပေ ၅၀၀၀ လုပ်ငန်းစီမံကိန်းနှင့် ခြံစိုက်တောင်သူများအတွက် စိုက်ပျိုးရေလိုအပ်ချက် ပြည့်မီစွာရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အဆိုပါခြံနှင့် တောင်သူ ဦးအင်ထပ်တူးဂျာတို့၏ ဂရိတ်ဖရုခြံတို့ကို လှည့်လည်ကြည့်ရှုသည်။
ဈေးကွက်ဝင်ပစ္စည်းများရောင်းချနိုင်ရန်
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူ များသည် မချမ်းဘောမြို့ ရပ်ကွက် (၃)အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၁၀ သိန်း မတည်ပံ့ပိုး ချေးငွေဖြင့် တောင်သူဦးမိုးအောင်၏ ငါးကန် (၄)မှ မွေးမြူထားသော ငါးများအား ပိုက်ဆွဲဖော်ထုတ် ရောင်းချနေမှုအခြေအနေများကို လည်းကောင်း၊ အလားတူ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ဦးအကူး ဒီခွမ်၏နေအိမ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း၂၀ ဖြင့် နှစ်ရှည်သီးပင်ခြံလုပ်ငန်းနှင့် ငါးမွေးမြူ ရေးကန်များကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး နည်းပညာပံ့ပိုးမှုများဖြင့် ဈေးကွက်ဝင်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား ကြရေး တာဝန်ရှိသူများအား မှာကြားသည်။
ခေတ်မီစံပြကျေးရွာစီမံကိန်း
ထိုမှတစ်ဆင့် မူလာအွန်ကျေးရွာအား ခေတ်မီ စံပြကျေးရွာ Smart Village ထူထောင်ရေးစီမံကိန်း နှင့် ကျေးရွာစာကြည့်တိုက်ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲသို့ တက်ရောက်ပြီး မြို့နယ်ဦးစီးမှူးက ခေတ်မီစံပြကျေးရွာ စီမံကိန်းထူထောင်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း အတွက် ရန်ပုံငွေကျပ်သိန်း ၃၀၀ ကို ကျေးရွာစီမံ ကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌထံ လည်းကောင်း၊ သမ ဝါယမဦးစီးဌာနမှ ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူပံ့ပိုး ပေးခဲ့သည့် လယ်ထွန်စက်တစ်စီးကို ကျေးရွာသမ ဝါယမအသင်းဥက္ကဋ္ဌထံ လည်းကောင်း ထောက်ပံ့ ပေးအပ်ကာ ဒေသခံများ၏ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များတင်ပြမှုအပေါ် ဖြေရှင်း ဆောင်ရွက်ပေးပြီး ၂၀၂၃ - ၂၀၂၄ ပြည်နယ် ရန်ပုံငွေ ဖြင့် ဝယ်ယူထောက်ပံ့ပေးသည့်လယ်ထွန်စက်ကို ကြည့်ရှုသည်။
ယင်းနောက် ဇီးအွန်ကျေးရွာ ပလနကွင်းစိုက်ပျိုး ရေရရှိရေး မူလာချောင်းမှတစ်ဆင့် မြစ်ရေစီမံကိန်း ဖြင့် ဆောင်ရွက်ပေးနိုင်ရေးအတွက် လည်းကောင်း၊ ပန်းလှိုင်ကျေးရွာအတွင်း ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး မြေထိန်းနံရံတည်ဆောက်ပေး နိုင်ရေးအတွက်လည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ပန်းလှိုင်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝင်း အတွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)