
မြစ်ကြီးနား မေ ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ မူလ နေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင် ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မေ ၂ ရက် နံနက် ၈ နာရီက ပြည်နယ် ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် IDP စခန်းနှင့် ရွှေစက်နှစ်ခြင်း IDP စခန်းများမှ မူလနေရပ်ကွက်ကျေးရွာများသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးသည်။
ထိုသို့ မူလနေရပ်ကျေးရွာများသို့ ပြောင်းရွှေ့ နေထိုင်ကြမည့် အိမ်ထောင်စုများအား ဆွတ်ငိုင် တောင်စခန်း၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ သွေးချင်းညီနောင်များ ယာယီခိုလှုံရာစခန်း များတွင် နေထိုင်ခဲ့သည်မှာ (၁၀) စုနှစ်ကျော်ကြာမြင့် ပြီဖြစ်သောကြောင့် ယနေ့မိသားစုများအနေဖြင့် မိမိတို့နေရပ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည်ဖြစ်သည့်အတွက် လတ်တလောနေထိုင် စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ပေးအပ် ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း နေထိုင်ရာ ကျေးရွာများတွင် အဆင်ပြေစွာနေထိုင်နိုင်ရေး မိမိတို့ အနေဖြင့် ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက IDPs စခန်းနှစ်ခုမှ ၎င်းတို့၏ မူလနေရပ် မြစ်ကြီးနားမြို့နယ် အကြဲကျေးရွာအုပ်စု မလိဆွတ် ယန်ကျေးရွာ၊ ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာ၊ ကဇူးကျေးရွာ၊ ဒဘတ်ယန်ကျေးရွာတို့နှင့် ဗန်းမော် ခရိုင် မိုးမောက်မြို့နယ် တိန်းဆင်းကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၉၈ ဦးတို့အတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ တစ်အိမ်ထောင် လျှင် ကျပ်တစ်သိန်းနှုန်းစီနှင့် ဆန် တစ်အိတ်၊ ဆီတစ်ပိဿာစီတို့ဖြင့် စုစုပေါင်း ငွေသားနှင့် ပစ္စည်း တန်ဖိုးငွေကျပ် ၆၄၀၅၀၀၀ နှင့် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ် တစ်သိန်းစီနှင့် ကယ်ဆယ်ရေး ပစ္စည်းများဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုး ငွေကျပ် ၇၃၇၆၇၈၅ကို အသီးသီး ထောက်ပံ့ပေးအပ် ရာ ရွှေ့ပြောင်းပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီးဒေါက်တာ ဝင်းမော်နှင့် တာဝန်ရှိသူများက ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ အရေးပေါ်လူနာဌာနတွင် ကိုဗစ်-၁၉ သံသယလူနာ များအား စစ်ဆေးနိုင်ရေး ကိုဗစ်စစ်ဆေးခန်း ဆောင် ရွက်ထားရှိမှု၊ ဆေးရုံပင်မလူနာဆောင်နှင့် သုံးထပ် လူနာဆောင်တို့အတွင်း အောက်ဆီဂျင်ပိုက်လိုင်းများ ဖြင့် ကိုဗစ်-၁၉ လူနာ ၂၀၀ ကျော်အတွက် သီးခြား စောင့်ကြည့်ကုသပေးနိုင်ရေး အောက်ဆီဂျင်အိုးများ စုဆောင်းထားရှိမှုနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို လိုက်လံရှင်းလင်းပြသမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဆေးရုံသွေးလှူဘဏ်၌ ပြည်နယ် မီးသတ်ဦးစီးဌာနက (၇၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေး လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် မီးသတ်တပ်ဖွဲ့ဝင်များ သွေးလှူဒါန်းမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူးထံ ထောက်ပံ့ငွေကျပ် ငါးသိန်း၊ သွေးလှူဘဏ်ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)