
မြစ်ကြီးနား ဇန်နဝါရီ ၈
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကနိုင်ရေးအတွက် ပြည်နယ်အစိုးရရုံးဝင်းအတွင်း မနောတိုင်စိုက်ထူခြင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၇ ရက်က ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။
ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ကချင် တိုင်းရင်းသားတို့၏ ရိုးရာမနောအက စုပေါင်းဆင်နွှဲ နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မနောအက ဦးဆောင်ကျင်းပရေးအဖွဲ့ဝင် များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မနောတိုင်စိုက်ထူကြရာ(ယာပုံ) ရိုးရာအစဉ်အလာ နှင့်အညီ သိက္ခာတော်ရဆရာတော်က ဆုတောင်း ဆက်ကပ်ပေးပြီး မနောတိုင်ကို စိုက်ထူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မနောအက ဦးဆောင်ကျင်းပ ရေးအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ရှိ ၂၀၁၉-၂၀၂၀ ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ရုံးသစ်ဖွင့်လှစ် နိုင်ရေးအတွက် စီမံဆောင်ရွက်ထား ရှိမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။
ယင်းနောက် စီတာပူရပ်ကွက် မနောကွင်းအတွင်း ကချင်ပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ကောက်သစ်စားခြင်းအစီအစဉ် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ မနောအိမ်တော်နှင့် မဂျွယ်ခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြ ပြီး ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ပြည်နယ်(ပြန်/ဆက်)