
ရန်ကုန် ဩဂုတ် ၁၉
လာမည့်ပွင့်လင်းရာသီတွင် ကချင်ပြည်နယ်ရှိရေခဲတောင်တက်ခရီးစဉ်ကိုသွားရောက်လိုသည့် ပြည်တွင်းခရီး သွားများ များပြားနေပြီး ယခုဩဂုတ်လကတည်းက ကြိုတင်စာရင်းပေးထားသူများပြားနေကြောင်း ကချင် ပြည်နယ်ဒေသခံ ခရီးသွားလမ်းညွှန်ထံမှ သိရသည်။
ကချင်ပြည်နယ် အတွင်းရှိ ရေခဲတောင်တက်ရန်နှင့် ကချင် ပြည်နယ်၏ အလှအပများကို ခံစားနိုင်ရန်အတွက် ရေခဲတောင် တက်ခရီးစဉ်များကို သွားရောက် ကြမည်ဖြစ်ပြီး ဩဂုတ် ၁၉ ရက် အထိရေခဲတောင်တက် ခရီးစဉ် သွားရန်အတွက် ကြိုတင်စာရင်း ပေးထားသူ ၄၀ နီးပါး ရှိပြီဖြစ် သည်ဟု ဆိုသည်။
‘‘လာမယ့် ပွင့်လင်းရာသီ ဖြစ်တဲ့ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း ကချင်ပြည် နယ်မှာရှိတဲ့ ရေခဲတောင်တွေ ကိုတက်ဖို့ ရေခဲတောင်တက်ခရီး လာရောက်မယ့် ခရီးသွားတွေရှိ ပါတယ်။ အခုဩဂုတ်လမှာ ကတည်းက ကျွန်တော်တို့ကို ကြိုတင် စာရင်းပေးထားတာတွေ ရှိပါတယ်။ အခုဆိုရင် ရေခဲတောင် တက် ခရီးသွားမယ့်သူ ၄၀ နီးပါး လောက် စာရင်းပေးထားပါ တယ်။ ပြည်တွင်းခရီးသွားတွေ ချည်းပါပဲ။ ပြည်ပခရီးသွားတွေ လည်း ရေခဲတောင်တက်ဖို့စိတ်ဝင် စားကြပြီး အခုချိန်အထိတရားဝင် ခွင့်ပြုချက်မပေးသေးလို့ မလာ ရောက်ကြသေးတာပဲ ရှိတယ်။ လာချင်လို့ ကျွန်တော်တို့ကို ချိတ်ဆက်ကြတဲ့ နိုင်ငံခြားသား တွေလည်းရှိနေပါတယ်။ လာခွင့် ပြုမယ်ဆိုရင် တော်တော်များများလာကြလိမ့်မယ်လို့ ထင်ပါတယ်’’ ဟု ကချင်ဒေသခံ ခရီးသွား လမ်းညွှန် ကိုဆန်းနိုင်ဧလိယား က ပြောသည်။
ကချင်ပြည်နယ်၌ ရေခဲ တောင်အများအပြားရှိပြီး အဆိုပါ ရေခဲတောင်များအနက် ရေခဲ တောင်တက်ခရီးစဉ်အဖြစ် ဖုန်ကန် ရာဇီရေခဲတောင်ကို အများဆုံး သွားရောက် တက်လေ့ရှိပြီး စွန့်စားလိုသည့်သူများ အနေဖြင့် ခါကာဘိုရာဇီ ရေခဲတောင်ကို လည်း သွားရောက်လေ့ရှိသည် ဟု ဆိုသည်။
ရေခဲတောင် တက်လိုသူများ အနေဖြင့် ရေခဲတောင်တက်နိုင်ရန် သက်လုံကောင်းအောင် ကျန်းမာ ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားရမည် ဖြစ်ပြီး လမ်းခရီးလုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဒေသခံခရီးသွား လမ်းညွှန်များနှင့် ဒေသခံများ ပြောကြားသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိတိ ကျကျ လိုက်နာဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။
TC
ဓာတ်ပုံ - ဖုန်ကန်