ကချင်ပြည်နယ်မှ ယာယီတိမ်းရှောင်အိမ်ထောင်စုများ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ဆောင်ရွက်ပေး

 

မြစ်ကြီးနား    ဧပြီ    ၂၅
ကချင်ပြည်နယ်          အတွင်း လတ်တလော  နယ်မြေအခြေ အနေအရ   နေရပ်ကျေးရွာများကို စွန့်ခွာ၍ ဘာသာရေးအသင်းအဖွဲ့ များ၏     ယာယီခိုလှုံရာစခန်းများ တွင်           နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား      နေထိုင် စားသောက်မှု   အဆင်ပြေစေရေး ပြည်နယ်အစိုးရက        စီစဉ်        ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ်    ဦးခက် ထိန်နန်သည်  ဧပြီ ၂၄ ရက်တွင် ဝိုင်းမော်မြို့နယ် အတွင်းရှိ    ယာယီတိမ်းရှောင် ပြည်သူများ မိုးမကျမီ ဆောလျင်စွာ      အမိုးအကာဖြင့် လုံခြုံစွာ    နေထိုင် နိုင်ရေးအတွက်          ကွင်းဆင်း            ဆောင်ရွက်ပေးသည်။
ပြည်နယ်       ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်       ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ         ဝိုင်းမော်မြို့ နောင်ချိန်းကျေးရွာသို့ သွားရောက် ပြီး နောင်ချိန်းနှစ်ခြင်းခရစ်ယာန် အသင်းတော်          ဘုရားကျောင်း ခန်းမဆောင်၌      ဌာနေပြည်သူ့ စစ်အဖွဲ့ခေါင်းဆောင်နှင့်       အတူ  ယာယီတိမ်းရှောင်    ခိုလှုံနေထိုင် လျက်ရှိသည့်        ပြည်သူများအား  ရင်းရင်းနှီးနှီး     တွေ့ဆုံနှုတ်ဆက် သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့်    ပထမအကြိမ်    လာရောက် တွေ့ဆုံပြီး   မိသားစုများအတွက် အခြေခံ    စားသောက်ကုန်များနှင့် ပံ့ပိုးမှုများ     ဆောင်ရွက်ပေးပြီးဖြစ် ကာ    ယနေ့ဒုတိယအကြိမ်အဖြစ် မိသားစုများ၏  လိုအပ်ချက်များကို အတတ်နိုင်ဆုံး              ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်အပြင် အဓိက အရေးကြီးသည့်   အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး  အမြန်ဆုံး စီစဉ်        ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊  ထို့ပြင် မိသားစုများ၏ လိုအပ်ချက်များကို   မိမိတို့အနေ ဖြင့်လည်းကောင်း၊     ဘာသာရေး အသင်းအဖွဲ့များအနေဖြင့်လည်းကောင်း  အားလုံးအတူလက်တွဲပြီး ဝိုင်းဝန်းကူညီ       ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း    အားပေးပြော ကြားသည်။
ထို့နောက်  နောင်ချိန်းကျေးရွာ အုပ်စုအတွင်းသို့ ယာယီတိမ်းရှောင် လာကြသည့်   အိမ်ထောင်စုများ အတွက် စခန်းဖွင့်လှစ်ဆောင်ရွက် ထားသည့် အ.ထ.က(နောင်ချိန်း)၊ KBC ခြံဝင်း၊ ရွှေညောင်ပင် ပန်းခြံ၊ လော်ဝေါ်              နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနှင့် ဆွေမျိုးနေအိမ် များတွင်       တိမ်းရှောင်နေထိုင် လျက်ရှိသော အိမ်ထောင်စု  ၃၄၈ စု၊ လူဦးရေ  ၁၄၃၀  တို့ကိုယ်စား စခန်းတာဝန်ခံများက   မိသားစု များ  နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်၊    အခက်အခဲများကို တင်ပြဆွေးနွေးကြကာ   ပြည်နယ် ဝန်ကြီးချုပ်က  အိမ်ထောင်စုများ ယာယီနေထိုင်လျက်ရှိသည့် စခန်း များအတွင်း    နေအိမ်အဆောက် အအုံတန်းလျားများ        ပြုပြင် ပေးနိုင်ရေး၊ အသစ်တည်ဆောက် ပေးနိုင်ရေးနှင့် လိုအပ်သည်များကို     အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ   ပြည်နယ် အဆင့်ဌာနဆိုင်ရာများ နှင့် ညှိနှိုင်းပေါင်းစပ်         ဆောင်ရွက် ပေးကာ       အိမ်ထောင်စုများ အတွက်    မုန့်များကို    ဝေငှပေးခဲ့ သည်။ 
ထိုမှတစ်ဆင့်     ပြည်နယ် ဝန်ကြီးချုပ်သည်  မိုင်းနားကျေးရွာ အုပ်စု မခေါယန်ကျေးရွာအတွင်းရှိ RC အသင်းတော်ပိုင်ဝင်းအတွင်း မြို့နယ်အတွင်းရှိ  ကျေးရွာများမှ တိမ်းရှောင်လာသော  မိသားစုများ အတွက်   ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်   တည်ဆောက် လျက်ရှိသည့် နေအိမ်တန်းလျား များ တည်ဆောက်နေမှု    အခြေ အနေများ၊ ရေရရှိရေး ဆောင်ရွက် ပေးထားသည့်  အခြေအနေများကို လည်းကောင်း၊  မိုင်းနား KBC ယာယီစခန်း၌  ထပ်မံတိမ်းရှောင် လာသည့် မိသားစုများ    နေထိုင်မှု အတွက်    နေအိမ်များ ပြင်ဆင် ဆောက်လုပ်နိုင်ရေး   ကိစ္စရပ်များ၊ စားနပ်ရိက္ခာ     ထောက်ပံ့နိုင်ရေး အတွက် ဆန်အိတ်များ ဖြန့်ဝေ ပေးနိုင်ရေး   စီစဉ်ဆောင်ရွက်ထား ရှိမှုများ၊ ကျန်းမာရေးစောင့်ရှောက် မှုအပါအဝင် လိုအပ်သည်များနှင့်   စပ်လျဉ်း၍      ပံ့ပိုးကူညီပေးရမည့်  ကိစ္စရပ်များကို     လည်းကောင်း လှည့်လည်ကြည့်ရှု    စစ်ဆေးကာ လိုအပ်သည်များ  ထပ်မံပံ့ပိုးပေး နိုင်ရေး              ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ (အပေါ်ပုံ)
ပြည်နယ်(ပြန်/ဆက်)