ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မိုးကောင်းနှင့် နမ္မတီးမြို့များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုးကောင်း       ဇူလိုင်    ၁၀
ကချင်ပြည်နယ်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည်   ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေနှင့်အတူ      မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာ  အုပ်စုအုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပြီး    မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၉ ရက် နံနက် ၈ နာရီတွင်   သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။ (ယာပုံ)
    လိုအပ်ချက်များကို တင်ပြ
ရှေးဦးစွာ  မိုးကောင်းမြို့    မြို့တော်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊    ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ်အဆင့်  ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု      အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း   ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိမှုနှင့် ကာကွယ်ထိန်းချုပ်ကုသရေး       လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ရန်ပုံငွေ ဖြင့်ဆောင်ရွက်သွားမည့်   စီမံကိန်းလုပ်ငန်းအခြေ အနေများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း လမ်း၊ တံတား၊ စိုက်ပျိုးရေ ရရှိရေး၊ ရေနုတ်မြောင်းများနှင့် ကျောက်စီရေထိန်းနံရံများ   ဆောင်ရွက်ပေးရေး စသည့်လိုအပ်ချက်များကို တင်ပြကြသည်။
ပြည်နယ်     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး    စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊  သို့ဖြစ်ပါ၍     ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့်       ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး   ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ သည် မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားမှု များပြားလာသဖြင့် မိမိတို့ မြို့နယ်အလိုက် ကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးရေး၊ ပြည်သူများ ပူးပေါင်းပါဝင်ရေးတို့အတွက် အလေးထားတိုက်တွန်း နှိုးဆော်သွားရန်လိုကြောင်း၊   မြို့၊ ရွာများ  ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ မြန်ဆန် စွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရေးကို တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း   ပြောကြား သည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း လိုအပ် ချက်များနှင့်ပတ်သက်၍   ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မိုးကောင်းမြို့ အိုးတန်းရပ်ကွက်အတွင်း ရှိ  ပြည်သူ့ဆေးရုံရှေ့  ရေနုတ်မြောင်းနှင့် ဆေးရုံနောက်ကျောဘက်လမ်းခင်းပေးနိုင်ရေး၊ ကျွန်းတော တံတား၌ နန့်ရင်းချောင်း ရေတိုက်စားမှုအခြေအနေ နှင့် နတ်ကြီးကုန်းရပ်ကွက်အတွင်း ကမ်းပါးရေတိုက် စားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား ရပ်ကွက်အတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် နန့်ရင်းချောင်းရေတိုက်စားမှုအတွက်  စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ဆောင်ရွက်သွားရေး မှာကြားသည်။
ထို့မှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုးကောင်းမြို့မှ   နမ္မတီးမြို့သို့ သွားရောက်ပြီး နမ္မတီးမြို့၌ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်    မနောဧကရီကုမ္ပဏီမှ   တာဝန်ယူ ဆောက်လုပ်လျက်ရှိသည့် မြို့တော်ခန်းမတည်ဆောက် ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး   သတ်မှတ်ချိန် အတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး မှာကြားခဲ့သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နမ္မတီးမြို့   မြို့သာယာရပ်ကွက် အတွင်း       အခြေခံပညာအလယ်တန်းကျောင်း (စက်ဝင်း) သွားလမ်း ကွန်ကရစ်ခင်းကျင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး    မြို့မရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းခင်းကျင်းဆောင်ရွက်နေမှုနှင့် ရေနုတ် မြောင်းများ ဆောင်ရွက်နေမှု၊ မြို့ဦးရပ်ကွက်အတွင်း ရှိ ဒူဝါလမ်း အရှည်ပေ ၂၀၀၀ နှင့် ကျန်စစ်သားလမ်း အရှည်ပေ  ၁၄၀၀   အား ကွန်ကရစ်လမ်းခင်းကျင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အချိန် အတွင်း  ပြီးစီးအောင်ဆောင်ရွက်ရေး   တာဝန်ရှိသူ များအား မှာကြားခဲ့သည်။   
 ပြည်နယ်(ပြန်/ဆက်)