
မြစ်ကြီးနား ဇူလိုင် ၄
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင် ဆောက်လုပ်ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်မြင်သာစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အင်ခိုင်ဘွမ် ခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပ နိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများနှင့် ကြားကာလတာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သော် လည်း ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာ အတွင်း လမ်း၊ တံတားလိုအပ်ချက်များနှင့် ပတ်သက် ၍ တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကျေးရွာဖွံ့ဖြိုးရေးအတွက် မတည်ငွေကျပ် ၁၀ သိန်း ကျော်ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း နှစ်ထပ်စာသင်ဆောင်ပြုပြင် ဆောင်ရွက်ပေးရန်လိုအပ်ချက်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အောင်မြင်သာအပန်းဖြေစခန်း ရှိ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံ ငွေဖြင့် ကျိန်ခရန်ချောင်းကို ဖြတ်သန်းတည်ဆောက် ထားသော ကြိုးတံတား သစ်သားကြမ်းခင်းများနှင့် လက်ရန်းတိုင်များ ပျက်စီးယိုယွင်းမှုအခြေအနေနှင့် အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ ကြိုးတံတားကို ကြမ်းခင်းတွင် သံပြား အခင်းနှင့် လက်ရန်းများ ပြုပြင်ဆောက်လုပ်နိုင်ရေး အတွက် စနစ်တကျကွင်းဆင်းတိုင်းတာ၍ လိုအပ် ချက်များ တင်ပြဆောင်ရွက်ရေး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အောင်မြင်သာစံကျေးရွာဒေသခံပြည်သူလူထုက လိုအပ်လျက်ရှိသည့် ကျေးရွာတွင်း လမ်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၂ ပေအကျယ် ကွန်ကရစ်လမ်းဆောင်ရွက်ပေးနိုင် ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)