
မြစ်ကြီးနား စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၏ ရေမြေတော တောင် သဘာဝအလှအပရှုခင်း များ၊ သဘာဝသယံဇာတအရင်း အမြစ်များစွာ ကြွယ်ဝမှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေမည့် သဘာဝအခြေခံသည့် ခရီးသွားလုပ်ငန်းများ ပိုမို အားကောင်းလာစေရေး စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ခရီးစဉ်ဒေသသစ်များ ဖော်ဆောင် ရာတွင် လည်းကောင်း၊ ရှိပြီးသား ခရီးစဉ်များကို ဖော်ထုတ်ဆောင် ရွက်ရာတွင်လည်းကောင်း ခရီးစဉ် ဒေသများ၏ အားသာချက်၊ အားနည်းချက်များနှင့် လေ့လာ ဆန်းစစ်ချက် အစီအမံများကို ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် ကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေက ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS)ကို အသုံးပြုမှုအပေါ် ပူးပေါင်းဆောင် ရွက်နိုင်ရေးနှင့် အခွန်အကောက် များ လျာထားချက်ပြည့်မီအောင် ကောက်ခံရရှိရေး စသည်တို့ကို ရှင်းလင်းပြောကြားပြီး ကော်မတီ အတွင်းရေးမှူး ပြည်နယ်ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးခိုင်ဦးက ပြည်နယ် အတွင်း ပြည်တွင်း/ပြည်ပ ခရီး သွားဧည့်သည်များ လာရောက် လည်ပတ်မှု အခြေအနေများ၊ (၃/၂၀၂၂)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်နှင့် ကော်မတီ သို့ တင်ပြလျှောက်ထားလာသည့် ဟိုတယ်/တည်းခိုရိပ်သာ၊ ခရီး သွားလှည့်လည်ရေးနှင့် ဧည့် လမ်းညွှန် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး လျှောက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
တင်ပြမှုများအပေါ် ကော်မတီ အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီထံ တင်ပြလျှောက်ထား လာသည့် လုပ်ငန်းလိုင်စင်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်အတည်ပြု ပေးနိုင်ရေးနှင့် လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ပေး သည်။
ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ သြဂုတ်လ အထိ) ဟိုတယ် ၄၈ လုံးနှင့် တည်းခို ရိပ်သာ ၁၃ ခု စုစုပေါင်းဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၁ လုံး တိုးတက် ခွင့်ပြုပေးနိုင်ခဲ့သဖြင့် အခန်းအရေ အတွက်အားဖြင့် ၁၈၄၉ ခန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး ခရီးသွား လှည့်လည်ရေးကုမ္ပဏီ ၅၇ ခု၊ ဧည့်လမ်းညွှန် ၂၅ ဦးနှင့် ဒေသ ဆိုင်ရာ ဧည့်လမ်းညွှန် ၄၃ ဦးတို့ အတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)