မြစ်ကြီးနား နိုဝင်ဘာ ၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ရိုးရာအထည် အဆင်ဒီဇိုင်းများ ရက်လုပ်သည့် ရက်ကန်း လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းရှင်များနှင့် နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာ အထည်ဒီဇိုင်းများသည် ပြည်တွင်း ၌သာမက ပြည်ပနိုင်ငံများထိပါ လူကြိုက်များ ကျော်ကြားလှပ သော အဆင်ဒီဇိုင်းများဖြစ်ပါ ကြောင်း၊ သို့ဖြစ်၍ ရိုးရာအထည် အလိပ်ဒီဇိုင်းများအား ရက်လုပ် သော ရက်ကန်းပညာရပ် ယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောပပျောက်သွားခြင်း မရှိ ရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင် ရန် ရက်ကန်းလုပ်ငန်းရှင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ရက်ကန်း လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာပါက ဒေသခံတိုင်းရင်းသား လူငယ်များ ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း တစ်ပိုင် တစ်နိုင်လုပ်ငန်းများ ထူထောင် နိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သည် သာမက လူစွမ်းအားအရင်း အမြစ်များလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာ ကြသူများက ပြည်နယ်အတွင်း ရက်ကန်းလုပ်ငန်းများ အတွက် SME Member ကတ်များ ခွင့်ပြု ထုတ်ပေးထားမှုအခြေအနေများ၊ လုပ်ငန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ချေးငွေရရှိမှု အခြေအနေများ၊ ရက်ကန်း နည်းပညာအခြေခံနှင့် အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ရက်ကန်းလုပ်ငန်း ရှင်များက ရက်ကန်းနှင့် ရိုးရာ အထည်အလိပ် အဆင်ဒီဇိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပေါင်းစပ် ညှိနှိုင်းပေးရမည့် ကိစ္စရပ်များ၊ ချေးငွေလိုအပ်ချက်နှင့် ရက်ကန်း နှင့် ရိုးရာအထည်အလိပ်ထုတ်ကုန် ပစ္စည်းများ တိုးချဲ့ဆောင်ရွက်နိုင် ရေး၊ ဈေးကွက်ရရှိရေး စသည့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရက်ကန်း လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေး၊ ရိုးရာအထည်အလိပ် များ ထုတ်လုပ်နိုင်မှု မြင့်မားလာ စေရေးအတွက် ဖြည့်ဆည်းဆောင် ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာ များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)



