ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေ/ယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲပြုလုပ်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၈


ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏   စုပေါင်းခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲကို ယမန်နေ့က   မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်     မနောကွင်းအတွင်းရှိ     မနော အိမ်တော်၌  ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊      မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

 


ဦးစွာ ဝန်ကြီးချုပ်က ခရစ္စမတ်ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။ ထို့နောက် ခရစ္စမတ် ပွဲတော် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းခြင်းအစီ အစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ သိက္ခာတော်ရ ဆရာ တော်များက ခရစ္စမတ်ဒေသနာတော် ဟောကြားခြင်း၊ ခရစ္စမတ်သီချင်း၊  ဓမ္မတေးသီချင်းများသီဆိုခြင်း၊ ကောင်းချီးဆက်ကပ်       တောင်းခံပေးခြင်းများ ဆောင်ရွက်ကြကာ ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က အလှူငွေများ  ပေးအပ်ခဲ့ကြောင်း     သတင်းရရှိ သည်။  

 

သတင်းစဉ်