ပူတာအို နိုဝင်ဘာ ၁၇
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကချင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ တာဝန်ရှိသူများနှင့်အတူ နိုဝင် ဘာ ၁၃ ရက်က ပူတာအိုမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပူတာအို)သို့ သွားရောက် ၍ အိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သုံးထပ်အိပ်ဆောင်တည်ဆောက် နေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ဘဏ္ဍာနှစ် အတွင်း အချိန်မီပြီးစီးရေး၊ စံချိန် စံညွှန်း ကိုက်ညီစေရေးနှင့် လုပ်ငန်း ပိတ်သိမ်းချိန်တွင် လုပ်ငန်းခွင်အား စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန် မှာကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်း တွင် နောင်မွန်မြို့ ပြည်သူ့ဆေးရုံ သို့ရောက်ရှိ၍ ဆေးရုံတက်လူနာ များကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံ အတွက် လိုအပ်ချက်များနှင့် မြို့နယ်အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် နောင်မွန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် နောင်မွန်-မဂွေဇ - ခေါင်လန်ဖူးလမ်း တစ်လျှောက် ဖောက်လုပ်ပြီးစီး ခဲ့သည့် လမ်းများပြုပြင်ထိန်းသိမ်း လျက်ရှိသည့် အခြေအနေ၊ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် လျက်ရှိသည့် ကျောက်လမ်း၊ တံတားများ၊ ကွန်ကရစ်ရေကျော် များ မိုးရာသီကာလ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့် တံတားများအား အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ချိန် အတွင်း ပြီးစီးရေးဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည့် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်း တွင် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့် တိုးချဲ့မြို့ကွက်သစ် မြေနေရာများ၊ မြို့ပတ်လမ်း ဖောက်လုပ်ထားရှိမှု၊ မြို့နယ်ခန်းမ ပြုပြင်ပြီးစီးမှု၊ မြို့မစျေးအတွင်း စျေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ နေသည့် အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည့် အခြေအနေကို မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့မိ၊ မြို့ဖများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်



