
နေပြည်တော် မတ် ၈
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ တပင်ရွှေထီး လမ်းမပေါ်တွင် လုံခြုံရေးဆောင် ရွက်နေစဉ် ယနေ့နံနက်ပိုင်းတွင် အောင်နန်းချပ် ကျောင်းဝင်း အတွင်း၌ ဆူပူဆန္ဒပြလိုသူ အင်အား ၂၅၀ ကျော်ခန့် စတင် စုဝေးကာ တပင်ရွှေထီးလမ်း ပေါ်သို့ တက်ရောက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစု ခွဲရန် ဥပဒေလုပ်ထုံး လုပ်နည်း နှင့်အညီ အသိပေးဆောင်ရွက် ခဲ့သော်လည်း ဆူပူသူလူအုပ်စုမှ အတားအဆီးများချ၍ လမ်း ပိတ်ဆို့ခြင်း၊ ကျောက်တုံး၊ ကျောက်ခဲများ၊ လေးခွများ၊ တူမီး သေနတ် (ဒေသလုပ်) ကျည် များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခြင်းများ ဆောင်ရွက် လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရေး လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူ များထဲမှ ကျား (၄၆) ဦး၊ မ (၄၅) ဦး၊ စုစုပေါင်း (၉၁) ဦး ဖမ်းဆီးရမိ ခဲ့ကာ ကျန်ဆူပူအကြမ်းဖက်သူ များ လူစုခွဲသွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ဆူပူ အကြမ်းဖက်သူများထဲမှ (၅) ဦး ခန့် ဒဏ်ရာရရှိကြောင်း သိရှိရ သဖြင့် ဆက်လက်စုံစမ်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်