ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများ ပထမသုံးလပတ်အတွက် ထောက်ပံ့ငွေများပေးအပ်

 

သီပေါ  အောက်တိုဘာ   ၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ်   လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ပထမသုံးလပတ် MCCT ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်း အနားကိုယနေ့နံနက် ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌    ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်- ၁၉     ကာကွယ်ရေးဆိုင်ရာ   စည်းကမ်းချက်များနှင့်အညီ ကျင်းပ သည်။


အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အမှာစကားပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာ ရှိ‌‌‌‌ ဒေါ်စမ်းစမ်းသွယ်က ကိုယ်ဝန် ဆောင်မိခင်နှင့်   နှစ်နှစ်အောက် ကလေးများ MCCT ၏  ငွေကြေး ထောက်ပံ့ခြင်းနှင့်   စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊    မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှူးနှင့် တာဝန် ရှိသူများက မြို့ပေါ် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု    ၆၆   အုပ်စုတို့မှ ကိုယ်ဝန်ဆောင်နှင့် နှစ်နှစ်အောက် ကလေး ၃၅၉၈ဦး (စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ) ပထမ သုံးလပတ်အတွက်    တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ စာရေးဝန်ထမ်းများမှတစ်ဆင့်် ပေးအပ်ကြောင်း သိရသည်။

စိုင်း(သီပေါ)