ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံးစီးပွားရေးအကြံပေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Korea - Myanmar Industrial Complex (KMIC)ပန္နက်တင် အခမ်းအနား၊ Myanmar Korea Desk ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ဟွန်ဒိုင်းမော်တော်ကားစက်ရုံသို့ သွားရောက်လေ့လာ

 

 

ရန်ကုန် ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေး Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တွေ့ဆုံသည်။

 

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေးနှင့် အဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကိုရီးယား- မြန်မာ စက်မှုဇုန် စီမံကိန်း(KMIC)၏ ပန္နက်တင်အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည့် Korea Desk သို့ တက်ရောက်သည်။

ယင်းနောက် ဟွန်ဒိုင်း (Hyundai) မော်တော်ကား စက်ရုံလုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြသည်။

 

သတင်းစဉ်