ကျိုင်းတုံတပ်နယ်ရှိ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

 

နေပြည်တော်   အောက်တိုဘာ    ၁၁


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှု ကြောင့် ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသ တွင်း     စားနပ်ရိက္ခာဖူလုံရေးနှင့်    ပြည်သူ များ၏   စားသောက်ရေးကို  အထောက်အကူ ဖြစ်စေရန်အတွက်   ယနေ့တွင်   တြိဂံဒေသ တိုင်းစစ်ဌာနချုပ်     တိုင်းမှူး     ဗိုလ်မှူးချုပ်  မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည် နယ်     အရှေ့ပိုင်း      ကျိုင်းတုံတပ်နယ်ရှိ  တပ်ရင်း/တပ်ဖွဲ့များ၏ စိုက်ပျိုးရေးလုပ်ငန်း၊   မွေးမြူရေးလုပ်ငန်းများကို       သွားရောက် ကြည့်ရှုသည်။ 
ယင်းနောက် တိုင်းမှူးသည် တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု  လုပ်ငန်း များ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ   ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။         သတင်းစဉ်