ကျိုင်းတုံမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

 

ကျိုင်းတုံ    စက်တင်ဘာ ၂၃


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၌  နိုင်ငံ တော်မှ ထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်နှင့် အထက်   ဘိုးဘွားများအား    လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့်    အသက်   နှစ်နှစ်အောက်  ကလေးများအား   ထောက်ပံ့ငွေများ   ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင်   ဦးအောင်စိုးနှင့်   ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းဆမ်တစ်တို့က အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်နှင့်    အသက်  နှစ်နှစ်အောက်  ကလေးများအား ထောက်ပံ့ငွေများကို အကျိုးခံစား ခွင့်ရှိသူ ပြည်သူများလက်ဝယ်အရောက် ပေးအပ် နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများက  စနစ်တကျ  ဆောင်ရွက်ပေးစေလိုကြောင်း  အမှာစကားပြောကြားပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က လူမှုရေး ပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် နှစ်နှစ် အောက်  ကလေးများအား ထောက်ပံ့ငွေများပေးအပ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်  ဘိုးဘွားများအား   ဧပြီလမှ ဇွန်လအထိတစ်ဦးလျှင်  ထောက်ပံ့ငွေကျပ်  ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ၈၂၀   အတွက်  စုစုပေါင်းငွေကျပ် ၂၄၆ သိန်းကိုလည်းကောင်း၊   ကိုယ်ဝန်ဆောင်မိခင် ၁၅၉၆ ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော  အသက် နှစ်နှစ်အောက်   ကလေးသူငယ်  ၁၄၆၄  ဦးတို့အား အောက်တိုဘာလမှ ဒီဇင်ဘာလအတွက် တစ်ဦး လျှင် ငွေကျပ် ၄၅၀၀၀  နှုန်းဖြင့်   မိခင်နှင့်ကလေး ၃၀၆၀  အတွက်  စုစုပေါင်းငွေကျပ်    ၁၃၇၇   သိန်း ကိုလည်းကောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးက   သက်ဆိုင်ရာ  ရပ်ကွက်၊   ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများထံပေးအပ်ခဲ့ပြီး  အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့်   အကျိုးခံစားခွင့်ရှိသူများ       လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း    သိရ သည်။                          

အောင်ဇင်မြင့်(ပြန်/ဆက်)