ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်းရာသီကာလ လာရောက်အပန်းဖြေလည်ပတ်သူများ စည်ကား

 

ကျိုင်းတုံ     ဇန်နဝါရီ   ၈


ရှမ်းပြည်နယ်အရှေ့ပိုင်း   ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း သို့ ဆောင်းရာသီကာလ  ယခုတစ်ပတ်အတွင်း  လာရောက် အပန်းဖြေလည်ပတ်သူများ စည်ကားလျက်ရှိကြောင်း သိရ သည်။

 


အဆိုပါအပန်းဖြေစခန်းသည်    ကျိုင်းတုံ-တောင်ကြီး ကားလမ်းဘေး  ကျိုင်းဖောင်းချောင်းအနီး၌    တည်ရှိပြီး သဘာဝအလျောက်တည်ရှိသော        ရေပူစမ်းတစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူများ  အခမဲ့လာရောက်အပန်းဖြေစေရန်   ဆောင်ရွက်ထားရှိကာ ဒေသထွက်အစားအစာများ ရောင်းချခြင်း၊ သာဘာဝရေပူစမ်း ဖြင့် ရေချိုးခန်းများ ဆောင်ရွက်ထားရှိပေးခြင်းကြောင့်  ယခု ဆောင်းရာသီကာလ အဆိုပါရေပူစမ်းကွင်းပြင်ရှိ  မြက်ခင်း ပြင်တွင်  ပြည်သူများ   စိတ်အေးချမ်းသာစွာ    လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)