ကျိုင်းတုံခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများအတွက် ထောက်ပံ့ငွေများပေးအပ်

 

ကျိုင်းတုံ   ဇန်နဝါရီ   ၆


ရှမ်းပြည်နယ်      ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်  မျိုးမင်းထွန်းနှင့်  ပြည်နယ် ဝန်ကြီးများသည်    ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများနှင့် ကိုဗစ် - ၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဇန်နဝါရီ   ၅ ရက်က       တြိဂံဒေသတိုင်းစစ် ဌာနချုပ် အစည်းအဝေးခန်းမ၌  ကျင်းပ သည်။         အစည်းအဝေးတွင် ပြည်နယ်  ဝန်ကြီးချုပ်က အမှာ စကားပြောကြားပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ်   တိုင်းမှူးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏  လုပ်ငန်းဆိုင်ရာ     ဆောင်ရွက်ချက် များအပေါ်   ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ရှင်းလင်း ဆွေးနွေးသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည်     ကျိုင်းတုံမြို့ မြို့နယ်စည်ပင်သာယာရေးခန်းမ ၌   ကျင်းပသည့်    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊    ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အား ၂၀၂၁ ခုနှစ် အောက်တိုဘာ လမှ  ၂၀၂၂ ခုနှစ်    မတ်လအထိ ခြောက်လအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား တက် ရောက်သည်။

 


အခမ်းအနားတွင်  ပြည်နယ် ဝန်ကြီးချုပ်က   ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံခရိုင်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ   ဘိုးဘွား  ရိပ်သာ တစ်ခု၊ မသန်စွမ်းပရဟိတ  ဂေဟာ တစ်ခုနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ      တစ်ခုတို့ကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ  ထောက်ပံ့ရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ       ထောက်ပံ့ပေး  လျက်ရှိကြောင်း၊ ပရဟိတဂေဟာ နှင့်အတူ   ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း  ၁၁ ကျောင်းနှင့် မိခင်ဝိုင်း  ၂၇   ကျောင်းတို့ကိုပါ ထောက်ပံ့ကြေး  ပေးအပ်လျက်ရှိ ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်က      ကျိုင်းတုံဘိုးဘွား ရိပ်သာအတွက် ကျပ် ၁၁၀၂၅၀၀ နှင့် မေတ္တာရိပ်မြုံလူငယ်ပရဟိတ ဂေဟာအတွက် ကျပ် ၁၃၂၃၀၀၀ တို့ကို လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်   တိုင်းမှူးက စိန်မေရီ မသန်စွမ်းဂေဟာအတွက် ကျပ်   ၈၁၀၀၀၀  တို့ကိုလည်း ကောင်း ထောက်ပံ့ပေးအပ်သည်။ 

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်      ကျိုင်းတုံ မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ယူ  ဆောင်ရွက်နေသော  ကျိုင်းအင်းလမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်  ပြီးစီးမှုအခြေအနေနှင့် ရှမ်းပြည်  နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး  ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက် သော နောင်တုံကန် ကွန်ကရစ် တိုင်နှင့်     ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှု  အခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ယင်းနောက်  ကျိုင်းတုံမြို့     ဝစီပိတ်သီလဓမ္မ ကုန်းသာတောရကျောင်း ဆရာ တော်အား သွားရောက်ဖူးမြော်ကာ နဝကမ္မအလှူငွေကျပ်  သိန်း  ၅၀  လှူဒါန်းပြီး  ဗုဒ္ဓဥယျာဉ်  ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။


မောင်မောင်သန်း 
(တောင်ကြီး)