ကျိုက်ထီးရိုးဘုရားဖူးမြော်ရန် လာရောက်သည့် ဘုရားဖူးမော်တော်ယာဉ်ကို PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဘုရားဖူးပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၂၅


မွန်ပြည်နယ်  ကျိုက်ထိုမြို့နယ်အတွင်း NUG ၊ CRPH လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရားဖူးမြော်ရန်    လာရောက်သည့်   မော်တော်ယာဉ်အား   ဆင်ခြင်တုံတရားမဲ့စွာ   ဗုံးပစ် လောင်ချာဖြင့်   ပစ်ခတ်မှုကြောင့်  အပြစ်မဲ့ဘုရားဖူးမိဘပြည်သူတစ်ဦး  သေဆုံးပြီး  ခုနစ်ဦး  ဗုံးစထိမှန်   ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ မကွေးတိုင်းဒေသ ကြီး   နတ်မောက်မြို့မှ  ဦးသီဟ မောင်မောင် မောင်းနှင်၍ ဘုရားဖူး ခရီးသည် ၁၁ ဦး လိုက်ပါလာသည့် မော်တော်ယာဉ်သည်    ယနေ့ မွန်းလွဲ ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ အနီး     ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်ရှိ KP စက်သုံးဆီ ဆိုင်အနီးသို့ ရောက်ရှိစဉ် NUG ၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ် လောင်ချာဖြင့် ဆင်ခြင်တုံ တရား မဲ့စွာ   ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် အား ဗုံးသီးထိမှန်ခဲ့ကာ ယာဉ်ပေါ် တွင်  လိုက်ပါလာသည့် အပြစ်မဲ့ ဘုရားဖူးမိဘပြည်သူ အမျိုးသား တစ်ဦး  သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး ငါးဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ     ရရှိခဲ့ ကြောင်း၊ အဆိုပါဒဏ်ရာ ရရှိခဲ့ သူများအား   လုံခြုံရေးတပ်ဖွဲ့ဝင် များက   ကျိုက်ထိုမြို့    ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပြီး လိုအပ် သည့်  ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးလျက်ရှိကြောင်း  သိရှိရ သည်။                    

 


အကြမ်းဖက်သမားများအနေ ဖြင့် စစ်ရေးနှင့် မသက်ဆိုင်သော ဆေးရုံ၊    စာသင်ကျောင်း၊   လူနေ အဆောက်အဦများကို ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်မှုများ ပြုလုပ် လာသည့်အပြင်   အများပြည်သူ ယုံကြည်ကိုးကွယ်ရာ   ဖြစ်သော ဘာသာရေးဆိုင်ရာ      ဘုရား၊ ကျောင်းကန်များအထိ ယုတ်မာ ရိုင်းစိုင်းသည့် အကြမ်းဖက်လုပ်ရပ် များ  ပြုလုပ်လာသည်ကို သိရှိရ သည်။
အထက်ပါဖြစ်စဉ်မှ အကြမ်း ဖက်မှုလုပ်ရပ်များကို     ကျူးလွန် သူများအား       ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်  ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲကာ  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်လျက်    ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်