ကျိုက်မရောထောင်၌ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြဟု မဟုတ်မမှန် သတင်းများရေးသား ဝါဒဖြန့်ချိလျက်ရှိ

နေပြည်တော်   ဖေဖော်ဝါရီ   ၉
မွန်ပြည်နယ်   ကျိုက်မရောဗဟို အကျဉ်းထောင်၌      တရားမဝင် ဖုန်းရှာဖွေဖမ်းဆီးရမိသည့်   ကိစ္စ နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်း ရန်     ခေါ်သွားသည့်     နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို   တိုက်ပိတ် အရေးယူခဲ့သည့်အတွက် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး ဆိုင်ရာ    အခွင့်အရေးတောင်းဆို ချက်အနေဖြင့်  အချက်သုံးချက်ကို လိုက်လျောပေးရန်    အစာငတ်ခံ ဆန္ဒပြနေကြသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများ    ဖြစ်သည့် DVB နှင့် Mizzima တို့က   မဟုတ် မမှန်  ရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်        ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ    တာဝန်ရှိသူ တစ်ဦး၏     ပြောကြားချက်အရ အကျဉ်းထောင်တွင်    ဇန်နဝါရီ ၂၈    ရက်က    အထူးရှာဖွေရေး ပြုလုပ်ခဲ့ကြောင်း၊ ဘုရားစင်ထောင့် အတွင်းမှ ဖုန်းနှစ်လုံးရှာဖွေတွေ့ရှိကြောင်း၊ ပိုင်ရှင်ဝန်ခံခြင်း မရှိ၍ စစ်ဆေးမေးမြန်းမှုများ   ပြုလုပ် ခဲ့ကြောင်း၊    အကျဉ်းသားများက လိမ်လည်ဖုံးဖိထွက်ဆိုကြကြောင်း၊ ဖုန်းများကို       နည်းပညာဖြင့် စစ်ဆေးရာ ပိုင်ရှင်ကိုသိရှိရကြောင်း၊ သိရှိရချိန်တွင်     ပိုင်ရှင်နှစ်ဦးကို ခေါ်ယူစစ်မေးခြင်း    ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ      စစ်ဆေးခဲ့ပြီး သီးခြားခွဲထားကြောင်း၊ တိုက်ပိတ် ထားခြင်းမဟုတ်ကြောင်း၊ လျှပ်စစ် မီးမှာ ခေတ္တပြတ်တောက်ခြင်းသာ ဖြစ်ပြီး    မီးပိတ်၍    ဖမ်းဆီးခြင်း မဟုတ်ကြောင်း၊     ထောင်တွင်း အစာငတ်ခံဆန္ဒပြခြင်း   လုံးဝမရှိ ကြောင်း၊    အကျဉ်းသားများက တင်ပြမှုများရှိပြီး စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊     အကျဉ်း ထောင်      အုပ်ချုပ်သူများသည် သဘောထား        တင်းမာခြင်း မဟုတ်ဘဲ  တာဝန်များကို  ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  တိကျစွာ ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း နှင့်    အကျဉ်းထောင်အုပ်ချုပ်ရေး စနစ်ကို         အထင်မှားစေရန်၊ တည်ငြိမ်နေမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးရေးသား ထားသော   ဝါဒဖြန့်သတင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်