
နေပြည်တော် နိုဝင်ဘာ ၁၅
အကြမ်းဖက် အဖွဲ့အစည်းဖြစ် သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ် ထား၍ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော် ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်တွင် ကျိုက်မရောမြို့နယ်မှ လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ချောင်းနှစ်ခွ တံတား၌ ဖြတ်သန်းသွားလာသော ယာဉ်များအား စစ်ဆေးဆောင် ရွက်နေစဉ် ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်မှ ကျိုက်မရော မြို့နယ်ဘက်သို့ မောင်းနှင်လာ သော Hilux Revo (အနက်ရောင်) လိုင်စင်မဲ့ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်မှာရပ်တန့်ခြင်း မရှိသောကြောင့် လိုက်လံဖမ်းဆီး စဉ် ကျိုက်မရောမြို့နယ် တောင် ကလေးကျေးရွာ အနီး အရောက်၌ ယာဉ်ပေါ်မှ PDF အဖွဲ့ဝင် စော ညီညီ (ခ)စောမင်းမင်းဟိန်း(၂၀)နှစ်နှင့် ဇင်ကိုကို (၂၀)နှစ်တို့ နှစ်ဦး ကို ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် မော်တော်ယာဉ် အတွင်း ဆက်လက်ရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်း အတွင်းမှ ပစ္စတိုသေနတ် သုံး လက်၊ ၁၂ ဗို့ပြောင်းချောသေနတ် တစ်လက်၊ ၁၂ ဗို့ကျည် ၇၅ တောင့်၊ ၉-မမကျည် ၂၅၀၊ ပွိုင့် ၃၈၀ ကျည် ၆၀၀ တို့ကို သိမ်းဆည်းရမိခဲ့ သည်။
ဖောက်ခွဲရေးသင်တန်းတက်
ဖမ်းဆီးရမိတရားခံ စောညီညီ (ခ)စောမင်းမင်းဟိန်းနှင့် ဇင်ကိုကို တို့ နှစ်ဦးသည် မေလတွင် KNLA တပ်မဟာ(၆)၊ ဌာနချုပ်၌ ဖောက်ခွဲ ရေးသင်တန်းကို ရက် ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။
တရားခံ စောညီညီ(ခ)စောမင်းမင်းဟိန်းသည် ပထမ အကြိမ် လက်နက်/ခဲယမ်း သယ် ဆောင်မှုအနေဖြင့် နိုဝင်ဘာ ၉ ရက်တွင် တောင်ဒီးကျေးရွာရှိ ကိုရှား (ဖမ်းဆီးရန်ကျန်)ထံမှ AK ကျည် ၃၀၀ ကို ယူဆောင်၍ ကျိုက်မရောမြို့နယ် ကျုံကွယ် ကျေးရွာ ချောင်းနှစ်ခွ- ရတနာ လမ်းဘေးရှိ ပြည့်စုံစားသောက် ဆိုင်တွင် အသင့်စောင့်ဆိုင်းနေ သည့် ထိခေါင်(ခ)ညီညီ(ဖမ်းဆီး ရန်ကျန်)ထံသို့ပေးအပ်ခဲ့ကြောင်း သိရသည်။
တရားခံ စောညီညီ(ခ)စောမင်းမင်းဟိန်းသည် ဒုတိယ အကြိမ် လက်နက်/ ခဲယမ်း သယ်ဆောင်မှုအနေဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် မက္ကသာကျေးရွာနှင့် ဘုရားသုံးဆူသွား ကားလမ်းပေါ်၌ KNU အဖွဲ့ဝင် စောဝင်းကိုကိုမင်း ထံမှ ပွိုင့် ၃၈ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခုကို ယူဆောင်၍ ကိုရှားထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စေခိုင်းချက်အရပို့ဆောင်
ဖမ်းဆီးရမိ လက်နက်/ခဲယမ်း များအား KNLA တပ်မဟာ(၆)မှ စောကလေထူး၏ စေခိုင်းချက်အရ တရားခံ စောညီညီ(ခ)စောမင်း မင်းဟိန်းနှင့် ဇင်ကိုကိုတို့ နှစ်ဦးမှ တောင်ဒီး-တောင်ကလေးလမ်းခွဲ-လှကဇိုင်း- ချောင်းနှစ်ခွ -ကျုံး ကွယ်လမ်းခွဲ- ထီးဟူသံ -နွတ် အောက် လမ်းကြောင်းအတိုင်း ကျိုက်မရောမြို့နယ် နွတ်အောက် ကျေးရွာအနီး ထိခေါင်(ခ)ညီညီ ထံမှ ယူဆောင်၍ ကြာအင်းဆိပ် ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာရှိ PDF အဖွဲ့မှ စောပတေ့ (ခ)ဇေသူ ဌေး (ဖမ်းဆီးရန်ကျန်) ထံပို့ဆောင် ပေးရန်ဖြစ်ကြောင်း သိရသည်။
သတင်းပေးတိုင်ကြားနိုင်
အထက်ပါ ဖမ်းဆီးရမိသူများ အား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားသည်။
သတင်းစဉ်