ကျိုက်လတ်၌ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်များ ဆက်လက်ရောင်းချပေး

 

ကျိုက်လတ်  စက်တင်ဘာ  ၂၄


ဧရာဝတီတိုင်းဒေသကြီး   ကျိုက် လတ်မြို့နယ်၌    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဧရာဝတီ တိုင်းဒေသကြီး  ဒေသကော်မတီ (၅)  ဖျာပုံခရိုင်နှင့်  ကျိုက်လတ် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ   ပြည်သူများ    ဈေးနှုန်း သက်သာစွာဖြင့် ဆန်များ ဝယ်ယူ နိုင်ရေးအတွက်   အမှတ်   (၃)ရပ်ကွက် (၆) ဖြတ်လမ်းရှိ စားသုံး သူရေးရာဦးစီးဌာနရုံး၌  ဆန်များ ကို     ယနေ့    နံနက်ပိုင်းတွင် ဆက်လက် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

 


အဆိုပါ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့်   ဝယ်ယူနိုင်ရေး ဆန်များ   ရောင်းချပေးနေခြင်း ကို    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးမင်းအောင်နှင့်  အဖွဲ့ဝင် များက လာရောက်ကြည့်ရှုအား ပေးကြသည်။   မြို့နယ်  ဆန်စက် လုပ်ငန်းရှင်များက      ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်ဈေးနှုန်းသက်သာစွာဖြင့် ဆန်များ ဝယ်ယူနိုင်ရေးအတွက် အချွန်ဆန် တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀နှုန်း ဖြင့် လူတစ်ဦးလျှင်ဆန် တစ်ပြည် နှုန်း ရောင်းချပေးလျက်ရှိပြီး စတင် ရောင်းချသည့်  သြဂုတ်  ၂၂ ရက်မှ  ယနေ့အထိ   ဆန်ပြည်   ၁၆၅၆၀  ရောင်းချပြီးဖြစ်ကြောင်း    သိရ သည်။  

 

 ကျိုက်လတ်(ပြန်/ဆက်)