ကျိုက်လတ်မြို့ရှိ ဘုရားစေတီများ၌ သီတင်းကျွတ် လပြည့်နေ့တွင် ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကား

 

ကျိုက်လတ်  အောက်တိုဘာ   ၂၁


ဧရာဝတီတိုင်းဒေသကြီး   ကျိုက်လတ်မြို့နယ်ရှိ   ဘုရားစေတီပုထိုး တို့တွင်  သီတင်းကျွတ်လပြည့်နေ့ည (အဘိဓမ္မာအခါတော်နေ့)တွင် မြို့နယ်အတွင်းရှိ   ဘုရားဖူးလာရောက်သူများက   ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကုသိုလ်ယူ၊    ကောင်းမှုပြုသူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။ 

 


ကျိုက်လတ်မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ စေတီပုထိုးများ နှင့် ကျောင်းကန်ဇရပ်များတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဘာသာ ရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက်ကြသူများသည် တရား ဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော် ခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စသည့်ကုသိုလ်ပြုမှုများဖြင့် စည်းကားလျက်ရှိသည်ကို တွေ့ရသည်။ 

 


ထို့ပြင်   ညပိုင်းတွင်လည်း  အဆိုပါဘုရားများ၌ ဆီမီးပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီ ပုထိုးများ၊ ဌာနဆိုင်ရာရုံး များ၊ နေအိမ်များတွင်လည်း   ဝါလကင်းလွတ်  သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ်အဖြစ် တာဝတိံသာမှကြွချီတော်မူသည့် မြတ်စွာဘုရား အား ရည်မှန်း၍  ဆီမီးနှင့်  မီးရောင်စုံထွန်းညှိပူဇော်ကြသူများ၊  မိဘ ဘိုးဘွားများနှင့် ဆရာသမားများကို လိုက်လံကန်တော့ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ဌေးဌေးလှိုင်(ပြန်/ဆက်)