ကျိုက်လတ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်

 

ကျိုက်လတ် ဩဂုတ် ၅


ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ကျိုတ်လတ် မြို့နယ်၌   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု    လျှပ်စစ် သံဂဟေဆက်သင်တန်းကို ဩဂုတ် ၄ ရက်က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။ 

 


သင်တန်းဖွင့်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က  အမှာစကားပြောကြားပြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန် က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေရရှိစေရန်နှင့် အတတ်ပညာ၊ အသိပညာ တိုးစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ သင်တန်းသို့  သင်တန်းသား ၃၀  တက်ရောက်ပြီး သင်တန်းတွင် လျှပ်စစ်သံဂဟေဆက်နည်းပညာများကို စာတွေ့ လက်တွေ့ ရက် ၃၀ ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

       
ကိုလှိုင်