
ဘားအံ နိုဝင်ဘာ ၁၇
National Library of Philippines ကကြီးမှူးကျင်းပသည့် libraries beyond covid 19 status, Chal-lenges and Prospects ဆွေးနွေး ပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက် အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ မှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက် ဆွေးနွေးလျက်ရှိသည်။
ကိုဗစ်အလွန် ကာလတွင် စာကြည့်တိုက် ဝန်ဆောင်မှု များ စွမ်းရည်ပြည့်ဝရေးအတွက် ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲ ဖြစ်ပြီး new normal ပုံစံဖြင့် စာကြည့်တိုက်များ ပြန်လည် ရှင်သန်လည်ပတ်နိုင်ရေးအတွက် အဓိကထား ဆွေးနွေးလျက်ရှိပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ် သည့် ဘရူနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများမှ ကိုယ်စား လှယ်များ စုစုပေါင်း ၆၅ ဦး တက်ရောက် ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဆွေးနွေးနေကြသည့် ကိုယ်စားလှယ်နှစ်ဦးမှာ အမျိုးသား စာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီအေးနှင့် ကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချို နွယ်ဌေးဝင်းတို့ဖြစ်ကြပြီး အမျိုး သား စာကြည့်တိုက်နှင့် ပြည်သူ့ စာကြည့်တိုက်များအကြောင်းကို အဓိကထား ဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)