
နေပြည်တော် နိုဝင်ဘာ ၁၆
ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ပေးရေးအတွက် လျှောက်လွှာများကို အောက်တိုဘာ ၂၅ ရက် မှ နိုဝင်ဘာ ၁၉ ရက်အထိ လက်ခံမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားရှိရာ အဆိုပါချေးငွေ လျှောက်လွှာများကို ဒီဇင်ဘာ ၃ ရက် အထိ အစိုးရရုံးပိတ်ရက်များတွင် ရုံးချိန်အတွင်း ဆက်လက် လက်ခံခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
သတင်းစဉ်