
နေပြည်တော် နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသော အလုပ်သမားဝန်ကြီးဌာန နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
ဆွေးနွေး
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍရှိ ကုမ္ပဏီ/လုပ်ငန်းများအား ချေးငွေ ထုတ်ပေးမည့် အစီအစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာများအား ချေးငွေထုတ် ပေးရေးအတွက် လျှောက်လွှာ ဆက်လက် လက်ခံနိုင်ရေးကိစ္စနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်။
ညှိနှိုင်းဆွေးနွေး
ဆက်လက်၍ အစည်းအဝေး တက်ရောက် လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေး အတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနများ နှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုစားရေးလုပ်ငန်းကော်မတီသို့ တင်ပြလာသည့် အချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်