ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုသွားမည်ဖြစ်ပြီး ချေးငွေလျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက်ကို အောက်တိုဘာလ (၁၀)ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် 
ကုစားရေးလုပ်ငန်းကော်မတီ


သတင်းထုတ်ပြန်ချက် (၃/၂၀၂၁)
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ   ၆   ရက်


၁။    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေး ကဏ္ဍအား ဘဏ္ဍာရေးဆိုင်ရာ  အကူအညီပေးအပ်နိုင်ရေးအတွက်   ကိုဗစ်-၁၉   ရန်ပုံငွေမှ  အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုသွားမည်ဖြစ်ပါကြောင်းနှင့် လျှောက်လွှာ များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (ရန်ကုန်မြို့) နှင့်  တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းရုံးများ၌ လက်ခံသွားမည်ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

၂။    တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ချေးငွေလျှောက်ထားမည့်သူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေလျှောက်လွှာ နောက်ဆုံး လက်ခံမည့်ရက်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့အထိ အစိုးရရုံးပိတ်ရက်များ အပါအဝင် ရုံးချိန်အတွင်း ဆက်လက်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ထပ်မံကြေညာအပ်ပါသည်။


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး 
သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ