
ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့်ပါ၀င်နိုင်ရေး အားပေးညှိနှိုင်းဆွေးနွေး
============================================
နေပြည်တော် နိုဝင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ ဝန်ထမ်းများ ပိုမိုအားဖြည့်ပါ၀င်နိုင်ရေး အားပေးညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ အမျိုးသားအဆင့် စေတနာ့၀န်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာ နိုင်ငံ ဆရာ၀န်များအသင်းမှ တာ၀န်ရှိသူများနှင့် လူငယ်ရေး ရာ ကော်မတီဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု၀န်ကြီးက အမျိုးသားအဆင့် စေတနာ့၀န်ထမ်း ဦးဆောင်အဖွဲ့ကို အတွင်းရေးမှူးရုံးအဖြစ် မိမိတို့ဝန်ကြီးဌာနက တာ၀န်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ့၀န်ထမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မြန်မာနိုင်ငံဆရာဝန်အသင်းတို့နှင့်ပူးပေါင်း၍ သင်တန်း များပေးခြင်း၊ မှတ်တမ်းတင်ဂုဏ်ပြုခြင်း၊ ပံ့ပိုးကူညီခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါသည် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ပြန့်ပွားဆဲဖြစ်ပါ ကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသသည့် လုပ်ငန်းစဉ်များ တွင် စေတနာ့၀န်ထမ်းများ လိုအပ်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လူငယ်ရေးရာ ကော်မတီဝင်များ အနေဖြင့် ကိုဗစ်-၁၉ ဖြစ်စဉ်များတွင် လူငယ်စေတနာ့ ဝန်ထမ်းများ လက်ရှိပါဝင်မှု၊ ဆက်လက်ပါ၀င်ဆောင်ရွက် ရန်တို့နှင့်ပတ်သက်၍ တွေ့ကြုံရသော လိုအပ်ချက်များနှင့် အခက်အခဲများကို ဆွေးနွေးပေးကြစေလိုပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းတွင် Fever Clinic များသည် ရောဂါ ဝေဒနာခံစားရသည့် ပြည်သူများ၏ လက်လှမ်းမီရာ နေရာ များတွင် တည်ရှိသည့်အတွက် ပြည်သူများ၏ အားကိုးမှုများ ရှိပါကြောင်း၊ စေတနာ့၀န်ထမ်းများ လိုအပ်မှုပိုများလာသည် ဟု သိရှိရပါကြောင်း၊ Fever Clinic များကို တာဝန်ယူဆောင် ရွက်နေကြသူများအနေဖြင့် လိုအပ်ချက်များကို ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Fever Clinic များကို တာဝန်ယူဆောင်ရွက်နေသော ပါမောက္ခ ဒေါက်တာမာမာကြည်က စေတနာ့ဝန်ထမ်းများ၏ အခန်း ကဏ္ဍနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ လိုအပ် ချက်များကိုလည်းကောင်း၊ Fever Clinic များတွင် တာဝန် ယူဆောင်ရွက်နေသော ဆရာ၀န်များ၊ စေတနာ့ဝန်ထမ်းများ က တွေ့ကြုံရသော အခက်ခဲများနှင့် စေတနာ့ဝန်ထမ်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်တို့မှ လူငယ်ရေးရာကော်မတီဝင်များက စေတနာ့ဝန်ထမ်းဆိုင် ရာ လိုအပ်ချက်များနှင့် တွေ့ကြုံရသော အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်သုံးသပ် ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေး သည့် အချက်အလက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်ချက်များကို ဆက်လက် တင်ပြ၍ ဖြေရှင်းဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်
772
People reached
16
Engagements
1313
1 share
Like
Comment
Share