ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံ၌ Test Kit ဖြင့် စစ်ဆေးပေး

စစ်ကိုင်း ဇူလိုင် ၁၀
စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရှိ  သံဃာတော်များနှင့်   ဝန်ထမ်းများ၊  သီတဂူ အပြည်ပြည်ဆိုင်ရာ    ဝိပဿနာတက္ကသိုလ်ရှိ ဝန်ထမ်းများနှင့် အာယုဒါနဆေးရုံ ဝန်ထမ်းများ တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ကျန်းမာ ရေးဝန်ထမ်းများက Test Kit များဖြင့် ဇူလိုင် ၉ ရက် နံနက်ပိုင်းက စစ်ဆေးပေးခဲ့သည်။
ကျန်းမာရေးစစ်ဆေးပေးရာတွင်  သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာတော် အပါး ၄၀၊ သီလရှင် တစ်ပါးနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၄၄ ဦးတို့အား စစ်ဆေးပေးခဲ့ရာ သံဃာတော်နှင့် သီလရှင်များတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခြင်းမရှိဘဲ လူပုဂ္ဂိုလ်များထဲတွင်မူ ရှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရ သည်။ အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာဆေးရုံများတွင် သီးသန့်ထားရှိ ကာ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သီတဂူ  အာယုဒါနဆေးရုံ၌  ကိုဗစ်-၁၉ စစ်ဆေးပေးရာသို့ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုး နှင့်  အဖွဲ့ဝင်များ၊  နယ်မြေခံတပ်မ ဌာနချုပ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ကူညီ ပေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူများအား အားပေး စကားများပြောကြား၍ အသိပညာပေး ဆွေးနွေး မှုများလည်း   ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)