ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော် ဖေဖော်ဝါရီ ၂၆


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများ  ရပ်ဆိုင်း ကာ သီးနှံများ ဝယ်ယူသူနည်းပါး ပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်၍ သီးနှံများ ပျက်စီးဆုံးရှုံးနိုင်သည့်အခြေအနေများ  ဖြစ်ပေါ်နေသော ကြောင့်   နယ်မြေခံတပ်မတော် သားများက    စိုက်ခင်းများသို့ သွားရောက်၍  ဒေသခံတောင်သူ များ       ရောင်းချပေးနိုင်သည့် စျေးနှုန်းဖြင့်   ရာသီ သီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့    ဝယ်ယူပေးလျက်ရှိ ရာ      ယနေ့တွင်      အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ        နယ်မြေခံ တပ်မတော်သားများက  မန္တလေး တိုင်းဒေသကြီး   ပျော်ဘွယ်မြို့ နယ်  တောတွင်လှကျေးရွာအုပ်စု ရွာသစ်ကြီးကျေးရွာရှိ    ဒေသခံ တောင်သူများထံမှ  ကြက်သွန်နီ ပိဿာ   ၅၇၅ဝ  ကို       ဒေသခံ တောင်သူများ    ရောင်းချပေးနိုင် သည့်စျေးနှုန်းဖြင့်  ထပ်မံဝယ်ယူ ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်