
နေပြည်တော် ဒီဇင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်း တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှုဆောင်များအား ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိ ဗိမာန်၌ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ် သည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်း မောင်၊ ဒေါ်အေးနုစိန်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဗုဒ္ဓဘာသာ အသင်းမှ ဦးဆန်းထွန်း၊ ဟိန္ဒူဘာသာ အသင်းမှ ဦးဇော်ဇော်နိုင်၊ ခရစ်ယာန် ဘာသာအသင်းမှ ဦးမိုးဇင်၊ အစ္စလာမ် ဘာသာအသင်းမှ ဦးအောင်ဇော်ဝင်းတို့ နှင့် အလုပ်အမှုဆောင်များ၊ တရုတ် ဘုံကျောင်းများမှ ကိုယ်စားလှယ် ဦးအောင်ချိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိတ်ဆက်ပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တွေ့ဆုံနှုတ်ဆက်စကား ပြောကြားရာ တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း အခါအခွင့်သင့်သဖြင့် ဘာသာပေါင်းစုံ အဖွဲ့အစည်းများမှ တင်ပြလိုသည့် ကိစ္စရပ်များအား သိရှိနိုင်ရန်နှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားပြီး တက်ရောက်လာကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က မိမိတို့အနေဖြင့် နိုင်ငံ၏ဖြစ်ပေါ်လာ သည့်အခြေအနေများအရ နိုင်ငံတော် တာဝန်များကို ခေတ္တဝင်ရောက်တာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု ကို လျှောက်လှမ်းနေခြင်းဖြစ်ပြီး ပြည်သူ များ ရွေးချယ်ထားသည့် လမ်းကြောင်းဖြစ် သဖြင့် လုံးဝသွေဖည်သွားမည် မဟုတ် ကြောင်း၊ နိုင်ငံရေးတာဝန်အား ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် မိမိတို့ က ဖန်တီးဆောင်ရွက်ခဲ့ခြင်း မဟုတ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း လွတ်လပ်၍ မျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ နိုင်ငံရေးတွင် ရိုးသားမှုရှိစေရေးနှင့် နိုင်ငံရေးအရ လက်စားချေခြင်းများ မပြုလုပ်စေရေး အတွက် မိမိအနေဖြင့် အမြဲမပြတ် တိုက်တွန်းပြောကြား ဆောင်ရွက်ခဲ့ ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်များက သမ္မတရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ သမ္မတမှတစ်ဆင့် တရား သူကြီးများ ခန့်အပ်ခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အထွေထွေ ရွေးကောက်ပွဲတွင် မျှတမှုရှိစေရေးသည် နိုင်ငံအတွက် လွန်စွာအရေးကြီးခြင်းပင် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် မသမာမှု များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်တာဝန်များကို ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
အားလုံးပူးပေါင်း၍ ဆောင်ရွက်
မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပြည်သူများရွေးချယ်ထားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ယခုတက်ရောက်လာကြသည့် ဘာသာ ပေါင်းစုံအဖွဲ့၏ ကူညီဆောင်ရွက်မှုများ လည်း လိုအပ်ကြောင်း၊ နိုင်ငံ့အရေးကိစ္စ များ ဆောင်ရွက်ရာတွင် အားလုံးပါဝင် သော စုပေါင်းအားဖြင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်းသဘောထား ကွဲလွဲမှုများရှိနိုင်သော်လည်း အများစု၏ ဆန္ဒသဘောထားကို လက်ခံဆောင်ရွက် ရန် လိုသကဲ့သို့ အနည်းစု၏ဆန္ဒသဘော ထားကိုလည်း ထည့်သွင်းစဉ်းစား၍ ဆင်ခြင်ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးလျှောက်လှမ်းမှု တွင် အဆင်ပြေချောမွေ့စေရန်အတွက် မိမိတို့က ဝိုင်းဝန်းဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင် လည်း အားလုံးပူးပေါင်း၍ ဆောင်ရွက် မည်ဆိုပါက အကောင်းဆုံးအခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင် ဗုဒ္ဓဘာသာအများဆုံး ကိုးကွယ်ကြ သော်လည်း ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များနှင့် အခြားဘာသာဝင် များလည်းရှိပြီး ရှေးယခင်ကတည်းကပင် အတူတကွ စုစည်းနေထိုင်ခဲ့ကြပြီး ဘာသာတရားအလိုက် ကိုးကွယ်နေကြ သည့် ဓလေ့ထုံးတမ်းစဉ်လာများပင်ဖြစ် ကြောင်း၊ မိမိအနေဖြင့် ဘာသာရေးနှင့် ပတ်သက်၍ အစွန်းရောက်မှုများ မရှိအောင် အမြဲတိုက်တွန်းပြောကြား လျက်ရှိကြောင်း၊ မိမိတို့အားလုံးသည် နိုင်ငံအတွင်း ကာလရှည်ကြာစွာ အတူတကွ နေထိုင်လျက်ရှိသူများ ဖြစ်သဖြင့် အားလုံးက နိုင်ငံတော်အတွက် တူညီသည့်စိတ်ဖြင့် အတူတကွ ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင်၊ အစ္စလာမ်ဘာသာအသင်းမှ ဦးအောင်ဇော် ဝင်း၊ ခရစ်ယာန်ဘာသာအသင်းမှ ဦးမိုးဇင်၊ တရုတ်ဘုံကျောင်းများမှ ကိုယ်စားလှယ် ဦးအောင်ချိုတို့က ဆွေးနွေးတင်ပြကြရာတွင် ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ယခုနှစ် စက်တင်ဘာလတွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြု ချက်နှင့်အညီ အသစ်ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ ဘာသာအလိုက် ပြုလုပ်သည့် ဘာသာရေးပွဲတော်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ကူညီထောက်ပံ့မှုများ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆက်ဆံမှုများ စသည့် ကဏ္ဍများတွင် ဘာသာပေါင်းစုံ စုပေါင်း၍ နိုင်ငံသားကောင်းပီသစွာဖြင့် တတ်စွမ်းသည့်ဘက်မှ ပူးပေါင်းကူညီဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေ၊ နိုင်ငံတော်မှ ပေးအပ်လာသည့် ဘာသာ ရေးနှင့် လူမှုရေးဆိုင်ရာတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ ဘာသာရေးဆိုင်ရာ ပွဲတော်များကို စည်းကမ်းစနစ်တကျဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အခြေအနေ၊ နိုင်ငံ အတွင်း မည်သည့်ဘာသာတရားကို ကိုးကွယ်သည်ဖြစ်စေ ဘာသာရေးအရ လုံခြုံမှု၊ ရိုသေမှုများကို ဖော်ဆောင်ပေး နိုင်ရေး ကောင်းမွန်သည့် ရည်ရွယ်ချက် များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့် အတွက် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များ ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားကြသည်။
a စာမျက်နှာ ၄ မှ
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြား နတ်ကိုးကွယ်မှုများကိုလည်း ကိုးကွယ်ရာဘာသာဟူ၍ အသိအမှတ်ပြု သည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံတို့၏ လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးရန် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ရှိပါ ကြောင်းပြောကြားပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အား ပြန်လည် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် လိုအပ်သည် များ ဆောင်ရွက်ပေးခဲ့မှုနှင့် လိုအပ်ချက် များ တင်ပြထားရှိမှုကိုလည်း ကဏ္ဍများ အလိုက် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိ သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင်၊ အစ္စလာမ်ဘာသာအသင်းမှ ဦးအောင် ဇော်ဝင်း၊ ခရစ်ယာန်ဘာသာအသင်းမှ ဦးမိုးဇင်၊ တရုတ်ဘုံကျောင်းများမှ ကိုယ်စားလှယ် ဦးအောင်ချိုတို့က လက်ခံ ရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဆွေးနွေးပြောကြားမှုများနှင့် ပတ်သက်၍ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်တွင်း၏ စည်းလုံးညီညွတ်မှုအားသည် အခိုင်အမာ ဆုံးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးပြီး ပြည်သူများ၏ လူမှုဘဝတိုးတက်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ဘာသာအားလုံး၏ ရည်ရွယ် ချက်သည် ငြိမ်းချမ်းခြင်း၊ သာယာဝပြော ခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့ပင်ဖြစ် ကြောင်း၊ စည်းလုံးညီညွတ်မှု မရှိပါက အခက်အခဲများနှင့် ရင်ဆိုင်ကြရမည်ဖြစ် ကြောင်း၊ သာယာဝပြောခြင်းမှာ ပြည်သူ များ၏ လူမှုဘဝတိုးတက်မှုရှိရန်ပင်ဖြစ် ပြီး ငြိမ်းချမ်းမှုရှိသည့် နိုင်ငံအားလုံးသည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အဆိုပါနိုင်ငံများ အားလုံးတွင် ပြည်သူများသည် လူမှုစီးပွား ဘဝတိုးတက်အောင် ဆောင်ရွက်နိုင်ကြ သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အားလုံးတူညီသည့် စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပထမလှိုင်းနှင့် ဒုတိယ လှိုင်းတို့တွင် ထိခိုက်မှုနည်းပါးခဲ့သော် လည်း တတိယလှိုင်း ဖြစ်ပေါ်ခဲ့ချိန်တွင် ရောဂါကူးစက်မှုနှုန်းမြန်ဆန်၍ ဖြစ်ပွားမှု မြင့်တက်ခဲ့သဖြင့် ထိခိုက်ဆုံးရှုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ရောဂါကူးစက် မှုနှုန်းများ မြင့်တက်ခဲ့ချိန်၌ “ ပြည်တွင်း၏ အားသည် ပြည်တွင်းမှာသာရှိသည်” ဆို သည့်အတိုင်း ဘာသာရေးဆိုင်ရာအဖွဲ့ အစည်းများနှင့် လူမှုရေးဆိုင်ရာအဖွဲ့ အစည်းများက မိမိတို့ဆောင်ရွက်နိုင်သည့် လမ်းကြောင်းများမှ ရရာနည်းလမ်းများ ဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့မှုများ၊ မှန်ကန်သည့် ဦးဆောင်မှုများဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့မှုများကြောင့် အခက်အခဲများကြားမှ ကိုဗစ် -၁၉ ရောဂါကူးစက်မှုသည် ယခု အချိန်တွင် များစွာလျော့နည်းလာခဲ့ပြီဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံသူ နိုင်ငံသား များ၏ ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့ အစည်းအသီးသီး၏ ပူးပေါင်းဆောင်ရွက် မှုများကြောင့် ယခုကဲ့သို့ရောဂါကူးစက်မှု နှုန်းများ ကျဆင်းလာခြင်းဖြစ်သည့် အတွက် အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း၊ ရောဂါကူးစက်မှုကြောင့် ကမ္ဘာ ပေါ်ရှိနိုင်ငံများအားလုံး စီးပွားရေးဆိုင်ရာထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ယန္တရား များ တုံ့ဆိုင်းသွားခဲ့ရကြောင်း၊ အလားတူ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ် သည့် ဆေးဝါးပစ္စည်းများ ဝယ်ယူရေး အတွက်လည်း နိုင်ငံတော်၏ဘဏ္ဍာငွေများ များစွာသုံးစွဲရကြောင်း၊ ပြည်သူများ၏ အသက် ထိခိုက်ဆုံးရှုံးမှုများ နည်းပါး စေရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေ များအား ခွင့်ပြုပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း။
အဓိကမောင်းနှင်အား တစ်ခုအဖြစ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများ ကျဆင်းသွားသည့်အတွက် နိုင်ငံတော်၏ တုံ့ဆိုင်းသွားသည့် ယန္တရားများပြန်လည် လည်ပတ်နိုင်ရန်လိုကြောင်း၊ ယခုဘာသာ ပေါင်းစုံအဖွဲ့ကြီးအနေဖြင့် အရေးပါသည့် ကဏ္ဍတွင်ပါဝင်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကမောင်းနှင်အားတစ်ခု အဖြစ် ဆောင်ရွက်သွားနိုင်ပါကြောင်း၊ အားလုံး ညီညီညွတ်ညွတ်ဖြင့် သက်ဆိုင်ရာ
နယ်ပယ်အလိုက် ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အလုပ်လုပ်ရန်လိုအပ်ပြီး နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးရမည်ဖြစ် ကြောင်း၊ အဆိုပါ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပညာ၊ အတတ် ပညာများဖြင့် ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ ပိုမိုအောင်မြင်လာနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင် ရှိ လုပ်ငန်းဆောင်ရွက်နေသူများအား တိုက်တွန်းအားပေး ဆောင်ရွက်ကြရန် လိုကြောင်း၊ လူငယ်များ စီးပွားရေးတိုးတက် အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သည့် အတတ်ပညာများရရှိ အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ အခြေခံပညာဖြစ်သည့် အတန်းပညာများ ကိုလည်း တတ်ကျွမ်းအောင် သင်ကြား ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ တိုးတက်ကြီးပွားလျက်ရှိသည့် နိုင်ငံများ သည် စာပေပညာ တတ်ကျွမ်းမှုရှိသည့် နိုင်ငံများပင်ဖြစ်ကြောင်း။
နိုင်ငံတော်အပေါ်သစ္စာရှိရန်လို
နိုင်ငံကောင်းအောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အပေါ် သစ္စာရှိရန် လိုကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး နိုင်ငံကောင်းအောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံ အဖွဲ့အစည်း များအနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင် ရှိ အင်အားစုများကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေး၊ အသိပညာ၊ အတတ် ပညာများကို ရှာဖွေဆောင်ရွက်နိုင်ရေး လှုံ့ဆော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊အတတ်ပညာနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာ ရန် များစွာလိုအပ်ပါကြောင်း၊ တိုင်းပြည် နှင့် လူမျိုးအကျိုးစီးပွားအတွက် မိမိတို့ လုပ်ဆောင်နေရသည့် ကဏ္ဍများတွင် စေတနာ အပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ ၂၀၂၃ ခုနှစ် တွင် (၇၅)နှစ် စိန်ရတုနှစ်သို့ပင် ရောက်ရှိ တော့မည်ဖြစ်ကြောင်း၊ ဖြတ်သန်းလာ သည့် ကာလများတွင် ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာများကို အသုံးချ၍ နိုင်ငံ့ ကောင်းရာကောင်းကျိုးတို့ကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဘာသာရေးအဖွဲ့အစည်းများ ဖြစ်သော် လည်း ဘာသာရေးကို အခြေမခံဘဲ နိုင်ငံ့ အရေးနှင့် အမျိုးသားရေးကို အခြေခံ၍ တိုင်းပြည်အကျိုးစီးပွား တိုးတက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ကြမည် ဆိုပါက ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ် မလဲဆိုသည့် စိတ်ဆန္ဒသည် အဓိကဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင် က ဟိန္ဒူရိုးရာ ဂုဏ်ပြုမင်္ဂလာပဝါနှင့် မင်္ဂလာ ပန်းကုံးတို့ကို ဂုဏ်ပြုဝတ်ဆင်ပေး သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် ဘာသာပေါင်းစုံအသင်းမှ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်