ကိုဗစ်- ၁၉ ရောဂါကူးစက်မှုနှုန်း လျော့ကျလာ၍ ဒလမြို့နယ်၌ သံဃာတော်များ ဆွမ်းခံပြန်ကြွ

 

ရန်ကုန်  စက်တင်ဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး   ဒလ မြို့နယ်အတွင်းရှိ    ကိုဗစ်- ၁၉ ရောဂါကူးစက်မှုနှုန်း     တဖြည်း ဖြည်း  လျော့ကျလာခြင်းကြောင့် ကျောင်းတိုက်များမှ  သံဃာတော် များနှင့် သာမဏေများ ဆွမ်းခံ ကြွလျက်ရှိသည်ကို    မြင်တွေ့ရ သည်။


ကမာကဆစ်       အလယ် ကျောင်းပရိယတ္တိ စာသင်တိုက်မှ ပဓာနနာယက    ဆရာတော်ကြီး အားဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ   ယခုအခါ   ကိုဗစ်-၁၉  ကူးစက်မှု      နည်းပါးလာခြင်း ကြောင့် ကျောင်းတိုက်အတွင်းရှိ သံဃာတော်များ   ဆွမ်းအခက်အခဲ မရှိစေရေးအတွက်    ကျန်းမာရေး လမ်းညွှန်ချက်နှင့် အညီ နှာခေါင်း စည်းများ တပ်ဆင်၍   တန်းဆွမ်းခံ ကြွခြင်းဖြစ်ကြောင်း၊    ရောဂါ ကူးစက်မှုနှုန်းမြင့်သော      ကာလ များက   ဆွမ်းခံမကြွခဲ့ကြောင်း၊ ယခုအခါ   ဆွမ်းလောင်းလှူနိုင် သော ဒကာ၊  ဒကာမများ လောင်း လှူနိုင်ရန်     ဆွမ်းခံထွက်ခြင်း ဖြစ်ကြောင်း ပြန်လည်မိန့်ကြား သည်။ 


ဒလမြို့နယ်အတွင်း   သံဃာ တော်နှင့် သာမဏေများ  အများ ဆုံးရှိသည့်  ကမာကဆစ်အလယ် ကျောင်းပရိယတ္တိစာသင်တိုက်၌  လက်ရှိအချိန်တွင်  သံဃာတော် ၁၃၅ ပါးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက  သံဃာတော် နှင့်  သာမဏေ    စုစုပေါင်းအပါး  ၂၀၀ ကျော်ရှိကြောင်း၊  ထို့အတူ  ဘုန်းတော်ကြီးသင်     ပညာရေး ကျောင်း ကို ဆရာတော်ကြီးဦးစီး၍ မူလတန်းမှ ခုနစ်တန်းအထိ အခမဲ့ ပညာ       သင်ကြားပေးလျက်ရှိပြီး ၈ တန်း၊   ၉  တန်း၊ ၁၀ တန်း ကျောင်းသားများကိုလည်း အခမဲ့ ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ    စုစု ပေါင်း ၈၀၀ ကျော်အထိ ရှိကြောင်း  ဆရာတော်ကြီးက   ဆက်လက် မိန့်ကြားသည်။ 


ဒလမြို့နယ်၌   ဘုန်းတော်ကြီး ကျောင်းပေါင်း ၈၉ ကျောင်းရှိပြီး ရဟန်းအပါး ၉၁၀ ၊   သာမဏေ ၄၆၂ ပါး စုစုပေါင်း ၁၃၇၂ ပါး ရှိ ကြောင်း၊    ပထမအကြိမ်တွင်     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ သံဃာတော် ၂၆၁ ပါး ရှိကြောင်း မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ သိရသည်။


လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုနှုန်းလျော့ကျလာသည့်အလျောက် ကူးစက်မှုနှုန်း ဆက်လက်      ကျဆင်းအောင် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ် သဖြင့် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊    ဘုန်းတော် ကြီး သင်ပညာရေးကျောင်းများ   အပါအဝင်)ကို   သီတင်းကျွတ် ကျောင်းပိတ်ရက်များ  အပါအဝင် အောက်တိုဘာ  ၂၄ ရက်အထိ ဆက်လက်၍  ယာယီပိတ်ထား မည်ဟု   အသိပေးကြေညာထား သည်။ 


နိုင်လင်းကျော်(ပြန်/ဆက်)