
ဝယ်လင်တန် ဇန်နဝါရီ ၂၃
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်သည် ဇန်နဝါရီ ၂၃ ရက်၌ ၎င်း၏ လက်ထပ်ပွဲအစီအစဉ် ကို ဖျက်သိမ်းရန် ဖိအားပေးခံနေရသည်။
နယူးဇီလန်နိုင်ငံ၌ အိုမီခရွန်ကူးစက်မှုကြောင့် ဂျက်စင်ဒါအာဒန်သည် ကိုဗစ်-၁၉ ကန့်သတ်ချက် များကို တင်းကျပ်ခဲ့သည့်အတွက် ယခုလို ဖိအား ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အသေးစိတ်ကန့်သတ်ချက်များကို ကြေညာ ပြီးနောက် ၎င်း၏လက်ထပ်ပွဲကို ရှေ့ဆက်တော့မည် မဟုတ်ဟု ဂျက်စင်ဒါအာဒန်က အတည်ပြု ပြောကြားခဲ့သည်။
မင်္ဂလာပွဲတက်ရန် ခရီးထွက်ခဲ့သည့် မိသားစု တစ်ခုတည်းတွင် အိုမီခရွန်ကူးစက်ခံရသူ ကိုးဦး တွေ့ရှိပြီးနောက် ယခုလို ကိုဗစ် -၁၉ စည်းကမ်း ကန့်သတ်ချက်များ တင်းကျပ်ရန် ဖြစ်လာခဲ့သည်။
အိုမီခရွန်မှာ ကူးစက်ခံရသူများကို အပြင်းအထန် ဖျားနာစေမှုနည်းပါးစေသော်လည်း ယခင်ဒယ်လ်တာ မျိုးကွဲနှင့်နှိုင်းယှဉ်လျှင် ကူးစက်မှု အလွန်လျင်မြန် သည်။ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဈေးဆိုင်များ တွင် လူစုလူဝေးဖြင့် ပြုလုပ်နိုင်သည့်အရေအတွက် ကို လျှော့ချခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်း တို့မှာ မဖြစ်မနေ ပြုလုပ်ရမည့်အရာများဖြစ်သည်။
ဂျက်စင်ဒါအာဒန်နှင့် ၎င်း၏ ကာလရှည်ကြာ လက်တွဲဖော်ဖြစ်သူ ကလာ့ခ်ဂေးဖို့ဒ်တို့က လက်ထပ်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခဲ့ခြင်းမရှိသော်လည်း လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ကျင်းပရန် စီစဉ်ခဲ့သည်ဟု ယူဆကြသည်။
အသစ်ချမှတ်ထားသည့် ကန့်သတ်ချက်များကို နောက်လမကုန်မီအချိန်အထိ ထားရှိသွားမည် ဖြစ်သည်။ နယူးဇီလန်နိုင်ငံသည် ကိုဗစ် -၁၉ ကပ်ရောဂါစတင်သည့် အချိန်မှစတင်ကာ ကူးစက် ခံရသူပေါင်း ၁၅၁၀၄ ဦးရှိပြီး သေဆုံးသူ ၅၂ ဦး ရှိသည်ဟု သိရသည်။
အေအက်ဖ်ပီ