
နေပြည်တော် ဇူလိုင် ၁၄
COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် တပ်မတော် အနေဖြင့် အောက်ဆီဂျင်အိုး များကို ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးဌာနများ အရောက် သွားရောက်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ပညာ ရေးဒီဂရီကောလိပ်၌ ဖွင့်လှစ် ထားရှိသည့် Quarantine Center သို့ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံတပ်မတော်သား များက Oxygen အိုး အလုံး ၁၀၀ ကို တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင်များဖြည့် သွင်းပြီး တပ်မတော်မော်တော် ယာဉ်များဖြင့် သွားရောက် ပေးအပ်လှူဒါန်းသည်။
အလားတူ ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၅ လုံး၊ သန်လျင်မြို့နယ် ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၅ လုံး၊ ကျောက်တန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၆ လုံး၊ သုံးခွ မြို့နယ်ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၃ လုံး၊ ဒလမြို့နယ်ပြည်သူ့ဆေးရုံ သို့ အောက်ဆီဂျင်အိုး ၁၅ လုံး၊ တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ မှော်ဘီ မြို့နယ်ရှိ တပ်မတော်ဆေးဘက် ပညာသင် ကျောင်းသို့ အောက်ဆီ ဂျင်အိုးအလုံး ၅၀၊ သန်လျင် မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၇ လုံး၊ ဗိုလ်တထောင်မြို့နယ်ရှိ နယ် မြေခံတပ်မတော် ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၅ လုံးနှင့် မြို့နယ်အသီးသီးရှိ ပရဟိတအဖွဲ့ အစည်းများသို့ အောက်ဆီဂျင်အိုး ၁၂၀ တို့ကို သန်လျင်တပ်နယ် နှင့် ဒလတပ်နယ်တို့မှ နယ်မြေခံ တပ်မတော်သားများက သန်လျင် တပ်နယ်ရှိ တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီးပရဟိတအဖွဲ့ အစည်း များနှင့် ပူးပေါင်းကာ ယနေ့တွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်