ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးသည့် သီပေါကြက်ခြေနီများအားဂုဏ်ပြု

 

သီပေါ  ဇန်နဝါရီ  ၁


ရှမ်းပြည်နယ်မြောက်ပိုင်း  သီ‌ပေါ မြို့နယ်    ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊     ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး  ကော်မတီ ၏     ကြီးကြပ်မှုဖြင့်     ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ရေးလုပ်ငန်း များကို   စွမ်းစွမ်းတမံ    ပါဝင် ဆောင်ရွက်ခဲ့သော        မြို့နယ် ကြက်ခြေနီလူငယ် မောင်မယ်များ    ဂုဏ်ပြုပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ အသင်း စည်းဝေးခန်းမ၌   ကိုဗစ်-၁၉    ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ ကျင်းပရာ    မြို့နယ်စီမံ     အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်း   တက်ရောက် အမှာစကား ပြောကြားသည်။

 


ဆက်လက်၍         မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ  ဦးစိုင်း ဇော်ဝင်းနှင့်   အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ    (ရှမ်း/  မြောက်  တာဝန်ခံ )     မစ္စတာမိုင်ဇင်းတို့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်   တပ်ဖွဲ့ဝင်များအနေဖြင့်     သမိုင်း ကောင်း    အစဉ်အလာရှိပြီးဖြစ် သကဲ့သို့  ယခုလို   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင်     ပြည်သူ့အကျိုး ပြုလုပ်ငန်းများကို    စွမ်းစွမ်းတမံ   ပါဝင်ဆောင်ရွက်ခဲ့သဖြင့်    မြန်မာ နိုင်ငံကြက်ခြေနီအသင်း    ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၏    ဂုဏ်ပြုလွှာ နှင့် အမှတ်တရပစ္စည်းများ ဂုဏ်ပြု ပေးအပ်ခြင်း            ဖြစ်ကြောင်း၊ ထို့ကြောင့်    ကြက်ခြေနီလူငယ် မောင်မယ်များအနေဖြင့်  ကောင်း မွန်သော         အစဉ်အလာကို ထိန်းသိမ်းပြီး    ကျန်းမာစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆတက်ထမ်းပိုး      ဆက်လက် ဆောင်ရွက်   ကြစေလိုကြောင်း စသည်ဖြင့်        ဂုဏ်ပြုစကား ပြောကြားသည်။

 


ထို့နောက်  မြို့နယ်အုပ်ချုပ် ရေးမှူး၊  အသင်း  ဥက္ကဋ္ဌ၊  ရှမ်း/ မြောက် တာဝန်ခံတို့က ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ရေး  လုပ်ငန်း များတွင်   စွမ်းစွမ်းတမံ  ပါဝင် ကူညီ         ဆောင်ရွက်ခဲ့သည့်    ကြက်ခြေနီ    လူငယ်  ၂၇  ဦး၊   မြို့နယ်   ကြက်ခြေနီတပ်ဖွဲ့မှူး     ဒေါ်နန်းခင်ညွန့်လူ၊     တပ်ခွဲမှူး   ဦးစိုင်းထွန်းဝင်းနှင့်      တပ်ဖွဲ့ဝင် များအား           ဂုဏ်ပြုလွှာနှင့် အမှတ်တရ          လက်ဆောင် ပစ္စည်းများ        ပေးအပ်ခဲ့ကြောင်း သိရသည်။


စိုင်း(သီပေါ)