ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မျှဝေသုံးစွဲသင့်ကြောင်း ဖွံ့ဖြိုးပြီးနိုင်ငံများအား သီရိလင်္ကာတိုက်တွန်း

ကိုလံဘို  စက်တင်ဘာ  ၁


ကမ္ဘာပေါ်ရှိ   ပြည်သူများ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးတစ်ကြီး လိုအပ်လျက် ရှိသည့် ယခုအချိန်၌ ဖွံ့ဖြိုးပြီးနိုင်ငံများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို    လက်ဝါးကြီးအုပ်ရယူ ထားကြောင်း သီရိလင်္ကာနိုင်ငံ ဆရီဂျာရီဝါဒီနီပူရာ တက္ကသိုလ်မှ    ပါမောက္ခ   နီလိကာမာလဗီဂျီက ပြောကြားသည်။ 


အကျိုးရှိစွာ မျှဝေသုံးစွဲသင့်


အဆိုပါနိုင်ငံများအနေဖြင့်  ၎င်းတို့ လက်ဝါးကြီး အုပ်ရယူထားသော ဆေးဝါးများကို သက်တမ်းမကုန် ဆုံးမီ အကျိုးရှိစွာ    မျှဝေသုံးစွဲသင့်ကြောင်း    ၎င်းက ပြောကြားသည်။


ဖွံ့ဖြိုးပြီးနိုင်ငံများက လက်ဝါးကြီးအုပ် ရယူ ထားသည့်   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေး အလုံးရေ ၄ ဒသမ ၅ ဘီလီယံမှာ  မကြာမီသုံးစွဲရန် သက်တမ်းကုန်လွန်တော့မည်ဖြစ်ကြောင်း သိရသည်။


ပါမောက္ခနီလိကာမာလဗီဂျီ သည်   တရုတ်နိုင်ငံ မှ  ထုတ်လုပ်သော Sinopharm ကာကွယ်ဆေးသည်   ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင်  အာနိသင်ရှိကြောင်း ဆရီဂျာရီဝါဒီနီပူရာ တက္ကသိုလ် ၌ အတည်ပြုရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။  


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ