
ဝါရှင်တန် ဇန်နဝါရီ ၂၃
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံခြင်း သည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ရောက် ကုသခံရမှုကို ၉၀ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက အသစ်ပြုလုပ်သည့် သုတေသန ပြုမှုတစ်ခုအပေါ်အခြေခံ၍ ပြောကြား သည်။
ထုတ်ပြန်ခဲ့
အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတို့အား အပိုဆောင်းထိုးနှံမှုခံယူ ပြီးသူများ၏ အကျိုးရှိထိရောက်မှုအပေါ် သုတေသနပြုခဲ့မှုကို ဇန်နဝါရီ ၂၁ ရက် တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးသူများသည် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက် ကုသခံရမှုကို ၈၁ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင် မည်ဖြစ်ကြောင်းနှင့် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက် ကုသခံရမှုကို ၅၇ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံပြီး ပါက ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကြောင့် ဆေးရုံတက်ရောက်ကုသခံရမှုကို ၉၄ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင် မည်ဖြစ်ကြောင်းနှင့် အိုမီခရွန်ကြောင့် ဆေးရုံတက်ရောက်ကုသခံရမှုကို ၉၀ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အသက် ၅၀ နှင့် ၆၄ နှစ်အကြား အသက်အရွယ်ရှိသူများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးပါက ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူနှင့် အပိုဆောင်းထိုးနှံပြီးသူများနှင့် နှိုင်းစာ ပါက ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံ တက်ရောက်ကုသခံရမှုသည် ၄၄ ဆ ပိုမိုမြင့်မားနိုင်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်