ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်

 

 

နေပြည်တော် ဒီဇင်ဘာ ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှု         မရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ        ယနေ့တွင်  အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့်   မြဝတီကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တို့မှ ကုမ္ပဏီ ငါးခု၊ ယာဉ်စီးရေ ၁၂ စီးဖြင့်  အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့်    တန် ၂၀ ၊ အောက်ဆီဂျင် (အိုးခွံ)  ၂၃၈ခု၊ လက်အိတ် ၁၀တန်နှင့်  နှာခေါင်း စည်း (Mask) တန်   ၆၀ တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် တစ်စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန် မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာ ပစ္စည်းများကို   သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေး လျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်  ဆက်စပ်သည့် အသိပေး  ကြေညာချက်များကို လည်း  အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov . mm     တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်  ပေးထားပါကြောင်း သိရှိရသည်။ 
သတင်းစဉ်