ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား  ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်   နိုဝင်ဘာ  ၁၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး  စခန်းများ မှ   နှောင့်နှေးကြန့်ကြာမှု   မရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း တို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခု မှ ယာဉ်စီးရေ ခုနစ်စီးဖြင့် အောက် ဆီဂျင်(အိုးခွံ) ၂၀၀၊ အောက်ဆီဂျင် (Plant) ခြောက်ခုနှင့် နှာခေါင်း စည်း(Mask)     တန်   ၅၀  တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (Plant) ခြောက်ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ငါးခုဖြစ်ပြီး၊ ကန် ပိုက်တီမှ မြစ်ကြီးနားသို့ တစ်ခု ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ခြင်းနှင့်  ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန်  ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်းသိရှိရသည်။ သတင်းစဉ်