ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်  ဒီဇင်ဘာ  ၁၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    ပစ္စည်းများကို လေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက်     အချိန်နှင့် တစ်ပြေးညီ     စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် အပြည် ပြည်ဆိုင်ရာ    ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်  ကုန်သွယ်ရေးစခန်း မှ ကုမ္ပဏီ ငါးခု၊ ယာဉ်စီးရေ ၂၁ စီးဖြင့်     အောက်ဆီဂျင်(အိုးခွံ) ၂၃၈၀၊   PPE ဝတ်စုံ   ၁၁၅၄၀၊ လက်အိတ်     ခြောက်တန်နှင့်   နှာခေါင်းစည်း (Mask)  ၁၃၄ တန် တို့ကို တင်သွင်းခဲ့သည်။
ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊      ကုသရေးဆိုင်ရာ ပစ္စည်းများကို   သက်ဆိုင်ရာဌာန များနှင့်    ညှိနှိုင်းထားသည့် SOP များနှင့်အညီ  ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်      ရှိကြောင်းနှင့် ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်  ဆက်စပ်သည့် အသိပေး    ကြေညာချက်များကို လည်း  အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန   Website ဖြစ်သည့် commerce.gov.mm    တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး    စီစဉ် ဆောင်ရွက်   ပေးထားကြောင်း သိရသည်။  
သတင်းစဉ်